လူလိမ်လူညစ်လူဆိုးဖြစ်ဖို့ဆိုတာ အရမ်းကိုလွယ်ပါတယ်။ အဲ့လိုလူဖြစ်ဖို့အတွက် ကိုယ့်ရဲ့စိတ်ကို မေးခွန်းတွေမေးလိုက်ရုံပါပဲ။ ဘာ်လိုမေးခွန်းဆိုတော့ ကိုယ်က လူအုပ်ကြားထဲရောက်နေတဲ့အချိန်ဆိုရင်တော့...ငါခုလိုချိန်မှာ တစ်ယောက်ယောက်ဆိက ခါးပိုက်နှိုက်လိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး...ပြီးတော့ငါလဲပိုက်ဆံရတာပေါ့ဆိုပြီး စမ်းသပ်လိုစိတ်နဲ့ လုပ်လိုက်ရုံနဲ့ အဲ့ခိုးရတဲ့ အရသာကိုသိပြီး နောက်ထပ် ထပ်လုပ်ဖို့ဝန်မလေးတော့ပါဘူး။ မကောင်းမှုသမျျှကို တခါလုပ်လိုက်ရုံနဲ့ နောက်တစ်ခါထပ်လုပ်ဖို့ ဝန်မလေးတော့ပါဘူး။ အဲ့ကနေစပြီး လူလိမ်လူညစ်လူဆိုး စဖြစ်တော့တာပါပဲ။

အဲ့လိုလူအများစုကတော့ ကိုယ်အကျိုးအတွက်ပဲ ကြည့်တက်ကြတာများပါတယ်။ အများအကျိုးအတွက်ကြည့်တဲ့သူကရှားပါတယ်။ Robin Hood လိုမျိုးလူတိုင်းမလုပ်ကြပါဘူး....ဒါပေမဲ့လုပ်တဲ့သူတွေရှိပါတယ်။ ခုလို ခေတ်မီဖွံဖြိုးတိုးတက်နေတဲ့ ခေတ်ထဲမှာ ဘယ်အရာကိုမဆို Hack လို့ရပါတယ်။ အဲ့လို hackလို့ရတဲ့ထဲမှာ ကားတွေလဲပါပါတယ်။ Hacker တစ်ယောက်က သင့်ကားကို hackကာ ထိန်းချုပ်လိုက်ပြီး သင့်ကို အသက်အန္တာရယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ Chris Valasek ဒါမှမဟုတ် Charlie Miller က hackရင်တော့ သင့်ကားကို ပိုမိုလုံခြုံးစေအောင် လုပ်ပေးပါတယ်။ သူတို့က ရေဒီယိုကနေ ချိတ်ဆက်ပြီး စကားပြောပါတယ်။ 

၂၀၁၅ခုနှစ်မှာ သူ့တို့နှစ်ယောက်ဟာ Cherokee Jeep ကားကို ူlaptop နဲ့လွယ်ကူစွာ hack ပြီး အဲ့ကားရဲ့ ချို့ယွင်းနေတဲ့ စနစ်ကို ပြင်ပေးခဲ့တဲ့ video ကိုတင်ခဲ့ပါတယ်။ ကားပိုင်ရှင်ကတော့ ကားမောင်ရင် မသေလို့ သူတို့ကိုရေဒီယိုကနေပဲ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ကားက engine စနစ်ချိ့ယွင်းကာ အရှိန်ပြင်းပြင်းမောင်းနေတာကို သူတို့နှစ်ယောက်က ပြင်ပေးခဲ့တာပါ။ နောက်တခါမှာလည်း အဲ့လိုစနစ်ချို့ယွင်းတဲ့ကိစ္စပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ ကံကောင်ချင်တော့ Chris နဲ့ Charlie တို့ရဲ့ အချိန်မှီ hackခဲ့မှုကြောင့် အသက်မဆုံးရှုံးလိုက်ရပါဘူး။ Car Company တော်တော်များများမှာ အဲ့လို့ချို့ယွင်းတဲ့စနစ် ဖြစ်ပေါ်နေပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။