လူသားတွေနေထိုင်ရာ ကမ္ဘာပေါ်မှာဆိုရင် ထူးဆန်းတာတွေအမျိုးမျိုးရှိပါတယ်။ တချို့အရာတွေဆိုရင် လူသားတွေ မသိနိုင်လောက်အောင် ရှုပ်ထွေးပါတယ်။ တချို့အရာတွေဆိုရင်လဲ လှပပေမဲ့ လူသားတွေကို အသက် အန္တရာယ်ဖြစ်စေလောက်တဲ့ထိ ကြောက်ဖို့ကောင်းပါတယ်။ တချို့အရာတွေကလဲ ရိုးရှင်းပြီး အန္တာရာယ်မရှိဘူးလို့ ထင်လို့ရပေမဲ့လဲ အထင်နဲ့အမြင်တွေက လွဲတက်ပါတယ်။ ခုဆိုရင်လဲ Hemlock Water Dropwort ဆိုတဲ့အပင်ဟာ ကြည့်တော့တာ ရိုးရိုးပန်းလို့ထင်ရပေမဲ့ ထူးဆန်ပါတယ်။ 

Hemlock Water Dropwort ဆိုတဲ့အပင်လေးဟာ ဘယ်လိုထူးဆန်လဲဆိုတော့ သူ့မှာ အဆိပ်တစ်မျိုးရှိပါတယ်။ အဲ့အဆိပ်ကို မိပြီးသေတဲ့သူဟာ ထူးဆန်းစွာပဲ ပြုံးပြီးသေတက်တာကို ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့အပင်ကြောင့် လူအတော်အများ သေဆုံးခဲ့ကြဖူးပါတယ်။ တော်တော်ကိုထူးဆန်တယ်နော်....သေသွားတဲ့ချိန်မှာ အဲ့သူဟာ ပြုံးနေတယ်ဆိုတော့လေ....ကြွက်သားထိန်းချုပ်မှုနဲ့ဆိုင်ပါတယ်။ 

အဲ့လိုအပင်ကြောင်းတွေလဲ ရုပ်ရှင်ကားတွေထဲမာ ပရိသတ်ကြီး တွေ့ဖူးမယ်လို့ထင်ပါတယ်။ ဗီလိန်တွေထဲမှာဆိုရင် Joker ဆိုတဲ့ ဗီလိန်က အဲ့အပင်တွေို သုံးလို့ သူသတ်တဲ့သူတွေက ပြုံးပြီးသေနေသလားပဲ။ အဲ့အပင်ကို စားမိတဲ့သူဟာ ၃နာရီအတွင်းမှာ ဂရောင်ခြောက်ခြား စကားတွေပြောကာ သေဆုံးတက်ပါတယ်။ ပရိသတ်ကြီးလဲ ပုံထဲမှာ ပြထားတဲ့ အပင်ကိုတွေ့ရင် ခပ်ဝေးဝေးကနေဖို့ တိုက်တွန်းလိုက်ပါတယ်။  

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။