တောင်ဖရိကနိုင်ငံ လင်ပိုပိုပြည်နယ်မှာ ဘိုဘက်လို့ ခေါ်တဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါတယ်။ ဒီသစ်ပင်ကြီးဟာ ဆိုရင် အာဖရိကတိုက် ရဲ့ အမြင့်ဆုံး သစ်ပင်ကြီး တစ်ပင်ဖြစ်ပြီး လုံးပတ် ၄၇မီတာရှိကာ အမြင့်မီတာ ၈၀အထိမြင့်မား ပါတယ်။ သုတေသနပညာရှင် တွေရဲ့ ခန့်မှန်းချက်အရ ဒီအပင်ကြီးဟာ နှစ်ပေါင်း ၆၀၀၀ လောက်သက်တမ်းရှိနေပြီလို့ ဆိုတာကြောင့် ကမ္ဘာ့ အသက်ကြီးဆုံး သစ်ပင်တွေထဲမှာလည်း ပါဝင်ပါတယ် ။

Photo from google
Photo from google

၄င်း ဘိုဘက်အပင်ကြီးဟာ ၁၉၃၃ခုနှစ်လောက်ကတည်းက သဘာဝအတိုင်း အခေါင်းပေါက်ကြီး ဖြစ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပင်စည်ရဲ့ အခေါင်းပေါက်ဟာ ဘယ်လောက် တောင်ကြီးလဲဆိုရင် အခေါင်းပေါက်ထဲမှာ အရက်ဘား တစ်ခု ကို ဖွင့်လှစ်ထားပြီး လူ ၂၀ အယောက်ခန့် တပြိုင်တည်း သုံးဆောင်လို့ ရပါတယ်။

Photo from google
Photo from google

ဒါ့ကြောင့် ဘိုဘက်ပင်ကြီးဟာ တောင်အာဖရိက နိုင်ငံ မှာတော့ လူအများ စိတ်အဝင်တစားဆုံးနဲ့ လာရောက် လည်ပတ် ကြတဲ့ နေရာတစ်ခု အဖြစ်ရှိနေပါတယ်။ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သစ်ပင်ကြီးလည်း ဖြစ်တာကြောင့် အစိုးရက ထိန်းသိမ်း စောင်ရှောက်ပေး ထားပါတယ်လို့ သိရပါတယ်။

Photo from google
Photo from google

Source - eliteteaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။