Photo credit - Cyber Legacy twitter

CIS region က dota 2 team တစ်ခုဖြစ်တဲ့ Cyber Legacy ကတော့ အခြားသော dota 2 teams အချို့ရဲ့ လမ်းစဥ်အတိုင်း disband ပြုလုပ်သွားခဲ့ပါပြီ။

Cyber Legacy ဟာ နောက်ဆုံးအနေနဲ့ ESL One Germany 2020 ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် group stage ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက် 2020 ခုနှစ် 11 လပိုင်း 4 ရက်နေ့မှာတော့ အသင်းက players တွေဖြစ်တဲ့ Magical, Blizzy, Bignum နဲ့ CemaTheSlayeR တို့ဟာ အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီနောက် 11 လပိုင်း 20 ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ carry player "Cooman" ကပါအသင်းကနေထွက်ခွာခဲ့သလို Cyber Legacy ကလည်း dota 2 team ကို disband ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Cyber Legacy disband သွားတဲ့ dota 2 roster ကတော့

Po 1- Cooman

Po 2- Magical

Po 3- Blizzy

Po 4- Bignum

Po 5- CemaTheSlayeR

တို့ပဲဖြစ်ပါတယ်။

Source - Cyber Legacy twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။