ဒီအမျိူးသားရဲ့ နာမည်ကတော့ Duston Holloway ပဲ ဖြစ်ပါတယ်။

သူဟာ တရက်မှာ ညဘက်ကြီး အိမ်ပြန်လာစဥ် သူ့ရဲ့ ချစ်သူကောင်မလေးဟာ အခြားတစ်ယောက်နဲ့ အိပ်ယာထဲမှာ အတူအိပ်နေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo credit - elitereaders

ဒါ့ကြောင့် Duston ဟာ တော်တော်လေး ဒေါသထွက်ခဲ့ပေမယ့်လည်း သူ့ရဲ့ဒေါသကို ထိန်းချုပ်ခဲ့ပါတယ်။

Duston ဟာ သူ့ရဲ့အိပ်ယာထဲမှာအိပ်နေတဲ့ ချစ်သူကောင်မလေးနဲ့ အခြားယောကျာ်းနဲ့အတူ selfie ပဲရိုက်ပီး လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

Duston ဟာ ဒီပုံတွေကို အိမ်ပြန်ရောက်ချိန် ကိုယ်ချစ်မြတ်နိူးရတဲ့သူနဲ့ အခြားယောကျာ်းတစ်ယောက်ကို အိပ်ယာထဲမှာ အတူတွေ့ရတဲ့အခါ ဆိုတဲ့ caption နဲ့တင်ခဲ့တာ​ဖြစ်ပီး ကောင်းမွန်တဲ့ ယောကျာ်းတစ်ယောက်ဟာ ကောင်းမွန်တဲ့ မိန်းမတစ်ယောက်နဲ့ပဲ ထိုက်တန်တယ်လို့ ရေးသားခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ Duston ဟာ ဒီလောက်နဲ့ပဲ အဆက်ဖြတ်ပီး အဆုံးသတ်ခဲ့ပေမယ့် သူ့နေရာမှာ တခြားသူတွေဆိုရင်တော့ ဒီလိုလွယ်လွယ်လေးနဲ့ ကျော်သွားပေးကြမယ် မထင်ပါဘူး။

Photo credit - elitereaders

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။