ဒီဖြစ်ရပ်လေးဟာ မြွေကြီးတစ်ကောင်ရဲ့ သားကောင်အဖြစ် ရစ်ပတ်ခံထားရတဲ့ ခွေးလေးကို ကလေးတွေက ဝိုင်းဝန်းကယ်တင်ခဲ့တဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။

ဒီလိုကယ်တင်ဖို့ဆိုတာကလည်း ကလေးတွေဟာ တော်တော်လေးကို ရဲရင့်မှသာ ဖြစ်နိုင်မယ့် ဖြစ်ရပ်တစ်ခုပါ။

Photo credit - elitereaders

ဖြစ်ပုံကတော့ ကလေးတွေဟာ သူတို့ရဲ့ မျက်စိရှေ့မှာ ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ရတဲ့အချိန်မှာ သူ့တို့ရဲ့ အိမ်မွေးခွေးလေးကို ကယ်ဖို့ပဲ ဆန္ဒရှိခဲ့ပါတယ်။

ဒါ့ကြောင့် ကြောက်စရာအန္တရာယ်ကိုတောင် သတိမမူတော့ဘဲ က​လေးတွေဟာ ခွေးလေးကို ရစ်ပတ်ထားတဲ့ မြွေကြီးလက်ထဲကနေ ကယ်ဖို့ ကြိုးစားခဲ့တာပဲ ​ဖြစ်ပါတယ်။

Photo credit - elitereaders

မြွေကြီးကို တုတ်နဲ့ ထိန်းတဲ့သူကထိန်းပေးထားပြီး ကျန်တဲ့တစ်ယောက်က ခွေးလေးကိုရစ်ပတ်ထားတဲ့ မြွေကြီးကို လက်နဲ့ကိုင်ပီး ဖယ်ရှားပစ်နေတာကြီးက တကယ်ကိုအသည်းယားစရာပါပဲ။

အဲ့ဒီနောက် ကလေးတွေအတူတူ ကြိုးစားလိုက်တဲ့အခါမှာတော့ ခွေးလေးကို ကယ်တင်နိုင်ခဲ့သလို ရစ်ပတ်ထားတဲ့မြွေကြီးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကလေးတွေဆို သတ္တိရှိဖို့ဆိုတာ တော်ရုံနဲ့မဖြစ်နိုင်ဘူးနော် ပရိသတ်ကြီး။

Source- elitereaders

Photo credit - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။