Photo credit - DreamHack

အမေရိကန်နိုင်ငံသား dota 2 player တစ်ယောက်ဖြစ်တဲ့ monkeys-forever ဟာ သူ့အနေနဲ့ 4Zoomers ကနေ kick ခံလိုက်ရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

monkeys-forever ဟာ 4 Zoomers ကိုပြီးခဲ့တဲ့ 2020 ခုနှစ် 3 လပိုင်း 30 ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲတော်တော်များများ ဝင်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှု ကြီးကြီးမားမားတော့ ရရှိခဲ့တာမျိုး မရှိပါဘူး။

လက်ရှိမှာတော့ monkeys-forever ဟာ 4 Zoomers ကနေ kick ခံလိုက်ရပေမယ့်လည်း အကြောင်းရင်းကိုတော့ သေသေချာချာမသိရသေးပါဘူး။

monkeys-forever မရှိတော့တဲ့ 4 Zoomers ရဲ့ ကျန်ရှိနေတဲ့ roster ကတော့

Po 1- Sammyboy

Po 2- Gunnar

Po 4- Oceania

Po 5- Husky

တို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် 4 Zoomers အနေနဲ့လည်း လစ်လပ်သွားတဲ့ monkeys-forever ရဲ့ offlaner နေရာကို အစားထိုးဖို့အတွက် player တစ်ယောက်ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

Source - Monkey forever twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။