သွေးစုပ်ဖုတ်ကောင်လို့ကြားလိုက်ရင်တော့ လူတိုင်းက ကြောက်ရွံ့ထိတ်လန့်သွားစမြဲပါ ။

ဒါပေမယ့်လည်း Amy Losuise လို့အမည်ရတဲ့ အမျိုးသမီး အတွက်တော့ ထိတ်လန့်ဖို့ထက် ပျော်စရာဖန်တီးမှုတစ်ခုသာ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် အသက်၃ နှစ်အရွယ် ချစ်စရာကောင်းတဲ့သားလေး Phoenix ကို သွေးစုပ်ဖုတ်ကောင်အသွင် ပြောင်းပေးဖို့ သူမဟာ အကြံရခဲ့ပါတယ်။

Photo credit - Amanda Queen Photography
Photo credit - Amanda Queen Photography

Amy Losuise အနေနဲ့လည်း သားလေးရဲ့ (၃)နှစ်ပြည့်မွေးနေ့ကိုတော့ တခြားသူများနဲ့ မတူအောင် ထူးခြားစွာ ပြင်ဆင်ပေးချင်ခဲ့ပါတယ်။

ဒါ့ကြောင့် သားလေးကို သွေးစုပ်ဖုတ်ကောင်လို အပြင်အဆင်များလုပ်ပေးကာ မွေးနေ့ကိတ်ကိုလည်း သွေးများနဲ့ နီရဲနေတဲ့ အသားစိမ်းတစ်ခုလို ဖန်တီးပေးထားခဲ့တာပါ ။

သူမဖန်တီးမှုဟာ လက်ရာမြောက်လှသလို သားလေးရဲ့ပုံစံဟာလည်း တကယ့်သွေးစုပ်ဖုတ်ကောင် တစ်ယောက်လိုပါပဲ။

Photo credit - Amanda Queen Photography
Photo credit - Amanda Queen Photography

ဒီပုံတွေကို သူမကလူမှုကွန်ယက်မှာ မျှဝေလိုက်တဲ့အခါမှာတော့ သူမလုပ်ရပ်ကို လူအများက ရှုံချခဲ့ပြီး ကလေးငယ်လေးတစ်ယောက်အပေါ် မပြုမှုသင့်တဲ့ လုပ်ရပ်ပါလို့ ဝေဖန်ကာထောက်ပြခဲ့ကြပါတယ် ။

သူမကတော့ သားလေးကို ဟောလိုးဝင်းညမှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားပြီး မိနစ်ပိုင်းကြာ မှသာ အသက်ဝင်လှုပ်ရှားခဲ့တာမို့ ယခုလိုသွေးစုပ်ဖုတ်ကောင် အနေနဲ့ မွေးနေ့ပွဲလေးကို အမှတ်တရ လုပ်ပေးခဲ့တာပါလို့ ဆိုပါတယ် ။

ပရိသတ်တွေရော သူမရဲ့ဖန်တီးမှုဟာ လက်ရာမြောက်တယ်လို့ ထင်ကြလား ဒါမှမဟုတ် အခြားသူတွေပြောသလို မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုလို့ ထင်ကြလား။

Photo credit - Amanda Queen Photography
Photo credit - Amanda Queen Photography

Source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။