Photo credit - liquipedia

Indonesia နိုင်ငံက Dota 2 team တစ်ခုဖြစ်တဲ့ Boom Esports မှာကစားနေတဲ့ Dreamocel ရဲ့နာမည်အရင်းကတော့ Randy Muhammad Sapoetra ပဲဖြစ်ပါတယ်။

သူ့ရဲ့ birthdate ကတော့ 1998 ခုနှစ် 1 လပိုင်း 14 ရင်နေ့ဖြစ်တာကြောင့် Dreamocel ဟာ အခုဆိုရင် အသက် 22 နှစ်ကျော်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Dreamocel dota 2 pro teams တွေမှာစတင်ကစားခဲ့တာကတော့ 2017 ခုနှစ် 1 လပိုင်းလောက်က​ဖြစ်ပြီး လက်ရှိကစားနေတဲ့ Boom Esports မှာပဲကစားခဲ့တာပဲဖြစ်ပါတယ်။

Dreamocel ဟာ Boom esports မှာ po 1 (carry) role ကိုကစားတာဖြစ်ပြီး လက်ရှိအချိန်ထိဆိုရင် ၄င်းအသင်းမှာ ကစားလာခဲ့တာဟာ 3 နှစ်ကျော်အချိန်ရှိနေပြီပဲ ဖြစ်ပါတယ်။

Dreamocel ရဲ့ signature heros တွေကတော့ Lifestealer, Morphling နဲ့ Phanton Lancer တို့ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်ရရှိထားတဲ့ total earnings ကတော့ $64,441 USD ရှိနေပြီပဲ ဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။