Photo credit - liquipedia

Russia နိုင်ငံက esports organization တစ်ခုဖြစ်တဲ့ Team Unique ကတော့ သူတို့ရဲ့ dota 2 team ကို ဖျက်သိမ်းခဲ့ပြီပဲ ဖြစ်ပါတယ်။

ဖျက်သိမ်းခဲ့ရတဲ့အကြောင်းရင်းကတော့ ကျန်းမာရေးပြသနာတွေ ၊ Covid 19 ကြောင့်ဖြစ်ပေါ်တဲ့ အခက်အခဲတွေအပြင် ဘဏ္ဍာရေးပြသနာအချို့ကြောင့်ပဲဖြစ်ပါတယ်။

Team Unique dota 2 team အနေနဲ့လည်း လတ်တလောယှဥ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာ မျှော်မှန်းထားသလို ရလာဒ်မျိုးမရရှိခဲ့တာတွေကြောင့် နောက်ဆုံးမှာ ဖျက်သိမ်းဖို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Team Unique ရဲ့ CEO ကတော့ လက်ရှိမှာ ဖျက်သိမ်းခဲ့ပေမယ့် DPC Season တွေပြန်စရင်တော့ dota 2 team ကိုပြန်လည်ဖွဲ့စည်းသွားမှာပါလို့ ပြောကြားထားပါတယ်။

Team Unique ဖျက်သိမ်းခဲ့တဲ့ dota 2 team ရဲ့ roster ကတော့

Yaroslav “Pikachu” Vasilenko

Egor “19teen” Lexutin

Stanislav “BZZ” Glushan

Danil “illusion” Volchan

Ivan “VANSKOR” Skorokhod

တို့ပဲဖြစ်ပါတယ်။

Source - vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။