ဒီအမျိုးသားဟာ London မှာနေထိုင်တဲ့ Nadarajah Nithiyakumar လို့ခေါ်တဲ့ အသက် 41 နှစ်အရွယ်အမျိုးသားပဲ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ April လ 26 ရက်နေ့က မိန်းမဖြစ်သူ Nisa ရေချိုးနေချိန်မှာ ကလေးနှစ်ယောက်ကို သတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - daily mail

အသတ်ခံခဲ့ရတဲ့ ကလေးနှစ်ယောက်ဟာ အသက် 3 နှစ်အရွယ်သားလေး Nigash နဲ့ အသက် 19 လအရွယ် သမီးလေး Pavinya တို့ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ Nadarajah ဟာ ဒီကလေးနှစ်ယောက်လုံးကို လည်ပင်းကိုဓားနဲ့လှီးပီး ရက်ရက်စက်စက်သတ်ပစ်ခဲ့တာပဲ ဖြစ်ပြီး သူကိုယ်တိုင်လည်း ကလေးတွေကို လှီးထားတဲ့ ဓားနဲ့ ကိုယ့်ကိုကိုယ် ပြန်ထိုးခဲ့ပါတယ်။

Photo credit - daily mail

အသက် 19 လအရွယ်သမီးလေး Pavinya ကတော့ အသတ်ခံရတဲ့နေရာမှာပဲ တခါထဲသေဆုံးသွားခဲ့ပြီး 3 နှစ်အရွယ်သားလေး Nigash ကတော့ ဆေးရုံကိုပို့ဆောင်နေရင်းနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။

ဖခင်ဖြစ်သူ Nadarajah ကတော့ ဆေးရုံမှာကုသမှုခံယူခဲ့ပြီး သူရဲ့အသက်ကတော့ သေဆုံးခဲ့ခြင်းမရှိပေမယ့် ဓာဏ်ရာကတော့ ပြင်းထန်ခဲ့ပါတယ်။

April လထဲကစတင်စစ်ဆေးနေတဲ့ ဒီအမှုဟာ အခုဆို November လအထိရောက်ရှိလာခဲ့ပြီဖြစ်ပီး ဖခင်ဖြစ်သူ Nadarajah ဟာ သူ့ရဲ့ကလေးနှစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပီး သတ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီလို့ သိရပါတယ်။

Source - Daily Mail

Photo credit - daily mail
Photo credit - daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။