Photo credit - DreamHack

Virtus.pro ရဲ့ second dota 2 team ဖြစ်တဲ့ VP.Prodigy ဟာ အသင်းရဲ့နောက်ဆုံးလိုအပ်နေတဲ့ player တစ်ယောက်ကို ခေါ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။

VP.Prodigy ခေါ်ယူခဲ့တာကတော့ Navi ရဲ့ player ဟောင်း illias ဖြစ်ပီး gpk ကိုခေါ်ယူပြီး နောက်တစ်ရက်အကြာမှာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည့်စုံသွားတဲ့ VP.Prodigy ရဲ့ roster ကတော့

Po 1- epileptick1d

Po 2- gpk

Po 3- DM

Po 4- Save-

Po 5- illias

တို့ပဲ ဖြစ်ပါတယ်။

VP.Prodigy ဟာနောက်ဆုံးအနေနဲ့ OGA Dota PIT Season 3: EU / CIS ကိုဝင်ရောက်ယှဥ်ပြိုင်ထားပြီး grand final ထိရောက်ခဲ့ပေမယ့် Team Secret ကို 3:0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ VP.Prodigy မှာ CIS ရဲ့လက်တက်ကစားသမား gpk နဲ့ illias တို့ကို ရရှိပိုင်ဆိုင်ခဲ့ပြီဆိုတော့ performance တွေပိုကောင်းလာနိုင်မယ်လို့ ထင်ရတာပါပဲ။

Source - Virtus.pro twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။