Fierljeppen ဆိုတဲ့အားကစားဟာဆိုရင်တော့ Netherlands နိုင်ငံက အားကစားတစ်ခုဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာဆိုရင်လဲ ဟော်လန်နိုင်ငံအဖြစ် လူသိများတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံရဲ့ နာမည်ကြီးတဲ့အရာတွေကတော့ Dutch Cheese , Windmills , Tulips , Beer , Bicycle စတာတွေအပြင် တခြားသော လူသိများ နာမည်ကြီးတဲ့အရာတွေလဲ ရှိပါသေးတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ဒိန်ခဲကိုရနိုင်တဲ့ နိုင်ငံတွေထဲ ကတစ်နိုင်ငံလဲဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ သူတို့ရဲ့ Fierlijeppen ဆိုတဲ့ ကစားနည်းဟာလဲ ရိုးရှင်းပေမယ့် တခြားကစားနည်းတွေထက် ထူးခြားပါတယ်။ 

Fierljeppen ဆိုတဲ့ ကစားနည်းကတော့ နယ်သာလန်နိုင်ငံရဲ့ ရိုးရားအားကစားနည်းတစ်ခုဖြစ်ပါတယ်။ ကစားပုံကတော့ ကြီးမားတဲ့ ရေကန်တစ်ခုကို ဒုတ်နဲ့ ဖြတ်ကူးရတာပါ။ ကစားသမားအနေနဲ့ ဒုတ်ကို ကိုင်ပြီးပြေးစရာမလိုပါဘူး။ ရေကန်ထဲမှာထောင်ထားတဲ့ ဒုတ်ဆီကို ပြေးပြီး ဟန်ချက်ညီအောင်ထိန်းကာ ဒုတ်ရဲ့ထိပ်ဖျားထိတက်ပြီး မြေပေါ်ကိုပြန်ကျတဲ့ အဝေးဆုံးအကွာအဝေးကို တိုင်းပြီး အမှတ်ပေးတာဖြစ်ပါတယ်။ ပြေးရင်းနဲ့ ဒုတ်ကိုကိုင်လိုက်တာမို့ အဲ့ရှည်လျားတဲ့ ဒုတ်ရဲ့ ထိတ်ဖျားထိ တက်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြေးတဲ့အရှိန်ကြောင့် ဒုတ်ဟာ မြန်မြန်နဲ့အောက်ကို ကျနိုင်တာမို့ ကံဆိုးရင် မြေပေါ်မကျပဲ ရေကန်ထဲ ကျနိုင်ပါတယ်။ ကမ္ဘာ့စံချိန်ကတော့ ၇၂ပေနဲ့ ၁၀လက်မဖြစ်ပါတယ်။ ဒီအားကစားနည်းဖြစ်ပေါ်လာပုံကတော့ လွန်ခဲ့တဲ့ အချိန်တွေတုန်းက Dutch နိုင်ငံက လယ်သမားတွေဟာ ရေမြောင်းလေးတွေကို ဖြတ်ကူးဖို့ ဒုတ်ကို အသုံးပြုပြီး ခုန်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။