Marcos Paulo da Silva လို့ခေါ်တဲ့ ဘရာဇီးနိုင်ငံသား အမျိုးသားတစ်ဦးဟာ သူအသက် 18 နှစ်အရွယ် 1995 ခုနှစ်မှာ ခိုးမှုနဲ့ ထောင်စတင်ကျခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့သူဟာ ထောင်သားအချင်းချင်း ခေါင်းဖြတ်သတ်မှုနဲ့ နာမည်ကြီးလာခဲ့ပြီး 2011 ခုနှစ်က Sau Paulo မှာရှိတဲ့ Serra Azul ထောင်မှာ အကျဥ်းသားငါးယောက်ကို သူကိုယ်တိုင်လုပ်ထားတဲ့ ဓားနဲ့ သတ်ဖြတ်ခဲ့ပါသေးတယ်။
အခုဆိုရင်တော့ Marcos Paulo da Silva ဟာ အသက် 42 နှစ်ရှိပီဖြစ်ပီး သူအချုပ်ခံထားရတဲ့ ထောင်အတွင်းက အကျဥ်းသား 48 ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
Marcos ဟာ အခုလို အကျဥ်းသား 48 ယောက်ကိုသတ်ခဲ့တာတောင် နောင်တမရတဲ့အပြင် နောက်ထပ်တောင် ထပ်သတ်ချင်နေသေးတယ်လို့သိရပါတယ်။
"ငါဒီလိုသတ်ရတာကိုကြိုက်တယ် ဒါကနည်းတောင်နည်းသေးတယ် ငါပိုပြီးသတ်ချင်သေးတယ်" လို့ ရဲတွေကိုပြောကြားခဲ့ကြောင်းသိရပါတယ်။
အခုလိုသတ်ဖြတ်မှုနဲ့ ပတ်သတ်ပီး တာဝန်ရှိသူတွေကတော့ Marcos ကို ပစ်မှုများစွာနဲ့အရေးယူပီး ထောင်ဒဏ် 217 နှစ်ချမှတ်ခဲ့ပါတယ်။
လူ 48 ယောက်သတ်ခဲ့တာတောင် ထပ်သတ်ချင်နေသေးတဲ့ Marcos လိုလူမျိုးတွေက ကြောက်စရာကောင်းလိုက်တာနော် ပရိသတ်ကြီး.
Source - Metro
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။