Saber ဟာတစ်ချိန်တုန်းကဆိုရင် လူတော်တော်များများ ကြိုက်နှစ်သက်ခဲ့ကြတဲ့ Assassin Hero တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Hero တွေက ထွက်ပြီးရင်ထွက်လာကာ သူ့ထက်ပို Damage ကြမ်းသလို Escape ဆိုတဲ့ ရန်သူကို ဝင်ချပြီး ပြန်ထွက်လို့ရတဲ့ Spell တွေလဲပါနေတော့ Saber ဟာ တဖြည်းဖြည်းနဲ့ နေရာပျောက်ခဲ့ပါတယ်။ Assassin ဆိုတဲ့ Hero တွေကလဲ ရန်သူကို Battle မှာရရင် ရသလိုအမြန်နှိုက်ပြီး ပြန်ထွက်ရတဲ့ Role ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ခုချိန်မှာတော့ Saber Revamp မှာ ဘာတွေပြောင်းလဲလိုက်လဲဆိုတာကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Saber Passive ကတော့ အရင်လိုပါပဲ.... ရန်သူရဲ့ Physical Defense ကို ၇မှတ်လောက်ထိချပေးပြီး ၅ဆ လျော့ချလို့ရပါတယ်။ Passive ရဲ့ CD ကတော့ ၅စက္ကန့်ပဲဖြစ်ပါတယ်။ Skill 1 ကတော့ အရင်လို ဓါးပျံ၄ချောင်းမဟုတ်တော့ပဲ ၅ချောင်းဖြစ်သွားပါပြီး...မိုက်တယ်လို့တော့ ပြောပြရမှာပါပဲ။ Skill 2 ကတော့ အရင်လို Dash တာပဲဆိုပေမယ့် Dash ပြီးရင် enhanced basic attack ဖြစ်သွားပြီး Damage ပိုထိကာ ရန်သူကို ၆၀ရာခိုင်နှုန်းနှေးသွားစေပါမယ်။ 

Ultimate ကတော့ အရင်လိုပဲ Single Target ကိုဝင်ခုတ်တာဖြစ်ပါတယ်။ Skill 1 ကဓါးပျံတွေဟာဆိုရင် Basic Attack ခုတ်လိုက်တိုင်း အဲ့ခုတ်လိုက်တဲ့ရန်သူဆိကို ရောက်ရှိသွားပြီ Damage ထိမှာဖြစ်ပါတယ်။ Skill 1 ရဲ့ဓါးပျံတွေဟာ ခုတ်လိုက်တဲ့ရန်သူကို ထိမယ်ဆိုရင် Skill 2 ရဲ့ CD ကိုလဲလျော့ချပေးတာမို့ Ulti သုံးပြီးရင် ပြန်ထွက်လို့ရ့ပါတယ်။ Ultimate ကတော့ အရင်လိုပဲ Single Target ကိုဝင်ခုတ်တာဖြစ်ပါတယ်။ Combo ကတော့ skill 1 ဖွင့်ပြီး ရန်သူနားကို Skill 2 နဲ့ကပ်ကာ Uliti သုံးတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။