Mobile Legends ဟာဆိုရင် ခုချိန်မှာအောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး လူဆော့ကစားများတဲ့ ဂိမ်းတစ်ခုဖြစ်နေပြီဲဖြစ်ပါတယ်။ MLBB ဆိုတဲ့ဂိမ်းဟာဆိုရင်လဲ Land Of Dawn ဆိုတဲ့ နယ်မြေပေါ်မှာ အခြေခံထားပြီး နယ်မြေအသိသိမှာ မျိုးနွယ်စုတွေရှိကြပြီး ကိုယ်ပိုင်ဇာတ်လမ်းတွေရှိပါတယ်။ ဂိမ်းကြီးပဲ မဆော့ပဲ နယ်မြေတွေအကြောင်းတွေကို ဖတ်ရတာကလဲ အရသာတစ်ခုကို ပေးစွမ်းလေ့ရှိပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ MLBB မှာပါဝင်တဲ့ မျိုးနွယ်စုကို ဖော်ပြလိုက်ပါတယ်။ 

ဂိမ်းထဲမှာဆိုရင်တော့ ခုချိန်မှာ မျိုးနွယ်စု ၂၀ရှိပြီး အဲ့ထဲမှာမှ မျိုးနွယ်တူပြီး ကွဲပြားနေတဲ့ဟာတွေနဲ့ပေါင်းရင် ၂၄ခုရှိပါတယ်။ ပါဝင်တဲ့မျိုးနွယ်စုတွေကတော့ Elves, Mechanicals, Demons, Orcs, Humans, Anthropomorphic Creatures, Abyssal Creature, Undead, Angels, Celestials, Minoans, Centaurs, Kastiyans, Giants, Yasson, Stone Titans, Shadowbringers, Aethereal, Nazar နဲ့ Tree Nymph တို့ပဲဖြစ်ပါတယ်။ 

Elves ထဲမှာမှ ကွဲပြားနေတဲ့ မျိုးနွယ် လေးစုထပ်ရှိပါသေးတယ်။ ဒါကြောင့်ပဲ စုစုပေါင်းအရဆို မျိုးနွယ်စု ၂၄ခုဖြစ်သွားတာဖြစ်ပါတယ်။ ကွဲပြားနေတဲ့ Elves မျိုးနွယ်တွေကတော့ Pure Elves ( Lolita, Irithel, Lunox, Eudora ) , Moon Elves ( Miya, Estes ), Feline Elves / Leonins ( Nana, Hartih ) နဲ့ Dark Elves ( Karina, Selena ) တို့ပဲဖြစ်ပါတယ်။ Selena ကတော့ တစ်ဝက်က Dark Elves ဖြစ်ပြီး ကျန်တစ်ဝက်က Abyssal demon ဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။