Brittney Conway လို့ခေါ်တဲ့ Australia နိုင်ငံက 3 နှစ်အရွယ်သမီးငယ်လေးဟာ

button battery လို့ခေါ်တဲ့ ဓာတ်ခဲ အသေးလေးကို မြိုချခဲ့မိပါတယ်။

မြိုချမိပြီး ရက်အနည်းငယ်လောက်အကြာမှာတော့ ကလေးငယ်လေးက မူမမှန်တော့တဲ့အတွက် မိဘတွေက ဆေးရုံတင်ခဲ့ကြပါတယ်။

Photo credit - Daily mail

ဆေးရုံကိုရောက်တဲ့အခါမှာတော့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဆရာဝန်နဲ့မိဘတွေက ကလေးငယ်လေးဟာ အစာအဆိပ်သင့်တယ်လို့ ထင်ကြပေမယ့် ဒါဟာမဟုတ်ခဲ့ပါဘူး။

ကလေးငယ်လေးဟာ သူမြိုချခဲ့တဲ့ ဓာတ်ခဲက အစာပြွန်ကနေ နှလုံးကို တိုက်ခိုက်တဲ့ ဒဏ်ကိုခံနေရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးငယ်လေးဟာ အော့အန်ခြင်း ၊ နှာခေါင်းသွေးယိုခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း ဝေဒနါတို့ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပီး မိဘတွေဟာလည်း သူတို့ရဲ့သမီးလေး ဓာတ်ခဲ အသေးလေးမြိုချထားမိတာကို နောက်ကြမှသိခဲ့ရပါတယ်။

Mother of 3 year old girl
Photo credit - Daily mail

သိသိရခြင်း ဆရာဝန်တွေနဲ့ ပူးပေါင်းပီး ကယ်တင်ဖို့ ကြိုးစားပေမယ့်လည်း ကလေးလေးရဲ့ အသက်ကို မကယ်နိုင်တော့ပါဘူး။

သမီးလေးဟာ ဓာတ်ခဲကိုမြိုချအပီး သုံးပတ်လောက်အကြာ ဆေးရုံတက်နေစဥ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အိမ်မှာ ကလေးငယ်လေးတွေရှိရင် ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် သတိထားနိုင်စေဖို့ ဒီသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Photo credit - Daily mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။