ပရိသတ်ကြီးရေ.. Covid ရောဂါကတော့ တစ်ရက်ပြီးတစ်ရက် ကူးစက်ပျံ့နှံမှုတွေ များပြားလာပြီး အခုဆိုရင်တော့ ပရဟိတမင်းသားကြီး ဦးကျော်သူပါ ကူးစက်ခံရနေရပြီ ဖြစ်ပါတယ်နော်..။

ရောဂါအခံရှိပေမယ့်လည်း Covid ကပ်ရောဂါကာလကြီးမှာ ကိုယ်ကျိုးစွန့်ကာ ပရဟိတအလုပ်တွေကို နေ့မနားညမနားလုပ်ဆောင်ရင်း ရောဂါကူးစက်ခံလိုက်ရတဲ့ ဦးကျော်သူအတွက် အားလုံးက စိတ်မကောင်းကြသလို အမြန်ဆုံးပြန်လည် ပျောက်ကင်းကျန်းမာလာစေဖို့ကိုလည်း ဆုတောင်းနေကြပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

ပရဟိတ စံပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူဟာ ရောဂါလက္ခဏာမပြသေးပေမယ့် ရောဂါအခံတွေရှိတာကြောင့် အဖော်ပြုပေးဖို့ လူတစ်ယောက် လိုအပ်နေတဲ့အချိန်မှာ ထွန်းကိုကိုက ဆရာဖြစ်သူအတွက် ဆေးရုံကိုလိုက်ပါသွားခဲ့ပါတယ်နော်..။

ဆေးစစ်တာတွေ မလုပ်ရသေးဘဲ ဆရာဖြစ်သူကို ဆေးရုံလိုက်ပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်တောင်းဆိုခဲ့တဲ့ ထွန်းကိုကိုရဲ့ ရဲဘော်ရဲဘက်စိတ်ထားကိုလည်း ဦးကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်က လေးစားချီးကျူးစွာနဲ့ ကျေးဇူးတင်စကားလေး ဆိုလာပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

"ရဲဘော်ရဲဘက်

အော်... ရဲဘော်ရဲဘက်စိတ်ဓါတ်ဆိုတာ တကယ်မြင့်မြတ်တဲ့ စိတ်ဓါတ်ပါလား။

အသင်းကကလေးတစ်ယောက် positive ဖြစ်လို့ ကိုကျော်သူက သူနဲ့ contact ရှိထားတဲ့အတွက် ၆ရက်မြောက်နေ့မှာ swab test စစ်လိုက်တာ positive ဖြစ်နေပါတယ်။ အခုအချိန်အထိ ဘာရောဂါလက္ခဏာမှ မပြပေမဲ့ အရင်က နှလုံးသွေးကြောလဲထားတာရယ်၊ ဆေးလိပ်သောက်တတ်တာရယ်၊ ဆီးချိုနည်းနည်းတက်ချင်တာရယ်တွေကြောင့် ဖြစ်နိုင်ရင် အိမ်မှာဘဲနေချင်ပေမဲ့လည်း ဆရာကြီးဒေါက်တာဦးညွှန့်သိန်းဆီက အကြံဉာဏ်ယူပြီး အဖက်ဖက်က အဆင်ပြေတဲ့ ဝေဘာဂီဆေးရုံကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမှာ တစ်သက်လုံး အဖော်နဲ့အပေါင်းနဲ့မှ နေတတ်တဲ့ ကိုကျော်သူ့ကို အဖော်ပြုလိုက်ဖို့ လူတစ်ယောက်လိုအပ်လာတာမှာ ထွန်းကိုကိုက သူလိုက်မယ်ဆိုပြီး အဆိုပြုပြီးလိုက်သွားလေရဲ့။ ပထမတော့ သူတို့အုပ်စုရယ် အိမ်ကကလေးရယ်တို့ကို swab test ယူပြီး positive ဖြစ်တဲ့သူလိုက်မယ်လို့ စီစဉ်နေကြတာမှာ ကိုကျော်သူက ဒီညနေဘဲသွားတော့မယ်ဆိုတော့ ထွန်းကိုကိုက ဘာမှမစစ်ရသေးခင်မှာဘဲ လိုက်သွားပါလေရော။ ကျေးဇူးတင်လိုက်တာသားရယ်။ တကဲ့ရဲဘော်ရဲဘက်စိတ်ဓါတ်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလို့ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နှစ်ယောက်စလုံးဘေးကင်းပြီး အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေ။.." ဆိုပြီး လေးစားဂုဏ်ပြုကာ ချီးကျူးစကားလေးဆိုထားတာပါ..။

စိတ်ပူပေးကြသူတွေကိုရော အားပေးကာ ဖေးမချစ်ခင်ပေးကြတဲ့ သူတွေကိုရော "ဒီကနေ့ တစ်နေကုန် သတင်းမေးဆုတောင်းအားပေး အားဆေးတွေပေး အစားအစာတွေပို့ပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကိုကျော်သူလည်း အားလုံးရဲ့မေတ္တာနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေ။ သားထွန်းကိုကိုလေးလည်း ဘေးကင်းပါစေ။ နာရေးကူညီမှုအသင်းသားအားလုံးလည်း ကပ်ဘေးကကင်းဝေးပါစေ။ တစ်ကမ္ဘာလုံး အမြန်ငြိမ်းချမ်းပါစေ။

ရွှေဇီးကွက် (Myint Myint Khin Pe).." ဆိုပြီးတော့လည်း ဦးကျော်သူရဲ့ ဇနီးဖြစ်သူက ကျေးဇူးတင်စကားလေးလည်း ဆိုထားပါသေးတယ်နော်..။

Photo Credit - Kyaw Thu's Fb Acc
Photo Credit - Kyaw Thu's Fb Acc

Source & Photo Credit - Kyaw Thu's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။