ပရိသတ်ကြီးရေ ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ အခုချိန်မှာဆိုရင် သားလေးနဲ့အတူ အနုပညာအလုပ်တွေတွဲလုပ်နေတာဖြစ်ပါတယ်။စင်ရော်မောင်မောင် ဖန်တီးခဲ့တဲ့ အနုပညာတွေကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြပါတယ်နော်။လက်ရှိမှာတော့ စင်ရော်မောင်မောင်က သားလေးကိုလည်း အနုပညာအမွေတွေပေးနေတာဖြစ်ပါတယ်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

စင်ရော်မောင်မောင်တို့သားအဖနှစ်ယောက်က အနုပညာအလုပ်တွေကို တက်ညီလက်ညီလုပ်ကိုင်ကြပြီး တိုင်တိုင်ပင်ပင်ရှိကြပါတယ်နော်။စင်ရော်မောင်မောင်က မင်းသားကြီးကျော်သူနဲ့လည်း အနုပညာအလုပ်တွေ တွဲလုပ်ခဲ့ပြီး အရမ်းခင်မင်ရင်းနှီးတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးကျော်သူက ပရဟိတအလုပ်တွေလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

ဦးကျော်သူကတော့ ကိုဗစ်ပိုးကြီးကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း အပြုံးမပျက်ပါဘူးနော်။စင်ရော်မောင်မောင်ကတော့"လူ တွေ အ ပေါ် မွန် မြတ် စွာ ကူ ညီ စောင့် ရှောက် ခဲ့ တဲ့ ညီ ငယ် ကျော် သူ အ မြန် ဆုံး ပြန် လည် ကောင်း မွန် ​ပါ စေ ကြောင်း တောင်း ဆု ပြု ပါ သည် . ဆေး ရုံ အ ထိ အ တူ လိုက် လံ စောင့် ရှောက် ပေး ပါ သော သား ငယ် ထွန်း ကို လည်း အ ထူး သာ ဓု ခေါ် ပါ သည်"ဆိုပြီး ကျော်သူအတွက် ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

Source&Photo Credit:Zin Yaw Mg Mg's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။