ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးကတော့ ဒီနေ့မှာပဲ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် ။ သူကတော့ သရုပ်ဆောင်၊အဆိုတော်တစ်ဦးဖြစ်သလို အစီအစဥ်တင်ဆက်သူအဖြစ်လည်း လုပ်ကိုင်ခဲ့တဲ့ ဦးရန်ပိုင်စိုးပဲ ဖြစ်ပါတယ် ။ Covid-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဦးရန်ပိုင်စိုးရဲ့နာရေးသတင်းကတော့ အနုပညာလောကသားတွေအားလုံးကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။

ဦးရန်ပိုင်စိုးအတွက် အနုပညာရှင်အားလုံးက ဝမ်းနည်းကြေကွဲနေကြသလို စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း သူတို့ရဲ့လူမှုကွန်စာမျက်နှာထက်မှာ ကိုယ်စီရေးသားပြောပြနေကြတာ ဖြစ်ပါတယ် ။ အခုလည်း Volunteer အဖြစ် ဆောင်ရွက်နေကြတဲ့ လူရွှင်တော်အောင်သော်နဲ့ မေတ္တာမြင့်မြတ်ဟိန်းတို့က ဦးရန်ပိုင်စိုးရဲ့နာရေးကိစ္စတွေကို စီစဥ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ မိသားစုဝင်တွေ လိုက်ပါပို့ဆောင်ခွင့်မရတဲ့ ဦးရန်ပိုင်စိုးရဲ့စျာပနခရီးကို အောင်သော်တို့က သေသေချာချာလေး ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ် ။

အောင်သော်က "ဘဝရဲ့နေဝင်ချိန်ကိုဒီလိုသွားရမလဲလို့ဘယ်သူမှမသိနိုင်ဘူးလေအိူကိုတာတူး(ခေါ်)အစ်ကိုရန်ပိုင်စိုးရေကျွန်တော်တို့ဒီတိုက်ပွဲကိုအောင်မြင်အောင်တိုက်နေပါတယ်အစ်ကိုရေ လိုက်ပါပို့ဆောင့်ပေးခွင့်ရတာကိုပဲ ကျေးဇူးအထူးတင်ရှိပါတယ် Aung Thaw. 5 Stars" ဆိုပြီးရေးသားထားသလို မေတ္တာမြင့်မြတ်ဟိန်းကလည်း "ကျွန်တော်တို့ Golden Middle Way( GMW ) အသင်းရဲ့Covid ရောဂါပိုး ကာကွယ်တိုက်ဖျက်ရင်းက ကူညီဆောင်ရွက်ပေးမိတဲ့ လမ်းကြောင်းလေးတစ်ခု စိတ်မကောင်းခြင်းများစွာဖြင့် လေးလေးရန်ပိုင်စိုး ကောင်းရာမွန်ရာရောက်ပါစေ..Covid ရေ...မင်းတော်သင့်ပြီနော်" ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။ ဦးရန်ပိုင်စိုးရဲ့နောက်ဆုံးခရီးက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။