အဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့   အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့မိသားစုဘဝလေးကို ချစ်ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit: Sandy Myint Lwin ' s Facebook Acc
Photo Credit: Sandy Myint Lwin ' s Facebook Acc

အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ မိသားစုကိုလည်း အချိန်ပေးလျက်ရှိနေပြီး သူမရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ Treasureလေးကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ သူမကတော့ သမီးလေးTreasureရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်စာမျက်နှာထက် တင်ပေးလေ့ရှိပြီး အဆိုပါဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Sandy Myint Lwin ' s Facebook Acc
Photo Credit: Sandy Myint Lwin ' s Facebook Acc

ယခုမှာတော့ ဖေဖေသီဟလွင်ဟာ မျက်ရည်မကျဘဲဟန်ဆောင်ပြီး ငိုနေတဲ့ ချစ်သမီးလေးTreasureကိုဗီဒီယိုအမိအရရိုက်ပြီး ချစ်မဝဖြစ်နေခဲ့ပါတယ်။ Treasureလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ မြင်ရသူတိုင်းကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Treasureလေးရဲ့ အရမ်းချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source : Thiha Lwin ' s IG acc 

Photo Credit: Sandy Myint Lwin ' s Facebook Acc
Photo Credit: Thiha Lwin ' s IG acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။