ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေအခိုင်အမာနဲ့ အောင်မြင်ကျော်ကြားကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ ညီညီမောင်ကလည်း အပါအဝင်ပါပဲ..။

ထင်မထားရလောက်အောင် သရုပ်ဆောင်ကောင်းပြီး စကားပြောလည်း ပွင့်လင်းကာ အခွီလေးတွေ ပြောတတ်ဆိုတတ်တာလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

Photo Credit - Photoatk Atkphoto
Photo Credit - Photoatk Atkphoto

Tik Tok လေးတွေလည်း ဆော့ကစားရိုက်ကူးတတ်တဲ့ သုသုကတော့ အခုတစ်ခါမှာလည်း မကြာခင်မှာကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော်လေးအတွက် Tik Tok လေး ဆော့ကစားထားပြန်ပါတယ်နော်..။

တစ်ချိန်က ပရိသတ်တွေကြား အရမ်းကိုရေပန်းစားခဲ့တဲ့ ယုဇနရဲ့ သီချင်းကျွတ်သီချင်းလေးနဲ့ Tik Tok ဆော့ကစားထားတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါ..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Photoatk Atkphoto

"သီတင်းကျွတ်ညလေး.." ဆိုပြီး မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်အေးချမ်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားသလို ချစ်စဏာ Tik Tok Video လေးကိုလည်း ဝေမျှထားတာပါ..။

ချစ်ရတဲ့ သုသုရဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့ သီတင်းကျွတ် Tik Tok ဗီဒီယိုလေးကို ဝေမျှတင်ဆက်လိုက်တာမို့ သဘောကျနေကြမှာ အသေအချာပါပဲနော်..။

Photo Credit - Photoatk Atkphoto
Photo Credit - Photoatk Atkphoto
@0

♬ original sound - Nyi Nyi Maung

Source - Nyi Nyi Maung's Fb Acc

Photo Credit - Photoatk Atkphoto

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။