ပရိသတ်ကြီးရေ.....အကယ်ဒမီမင်းသားချောကြီး ဦးလွင်မိုးရဲ့သမီးလေးဖြစ်တဲ့ ယွန်း၀တီလွင်မိုးကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာ‌ချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေးတစ်ယောက်ကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ယွန်း၀တီလွင်မိုးရဲ့သားလေး လွင်ထက်(ခေါ်)Liamလေးဟာ လုံးလုံးကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းအောင်ကိုချစ်မွှေးပါသူလေးပါနော်။

photo credit-Yun Waddy Lwin Moe's Facebook page
photo credit-Yun Waddy Lwin Moe's Facebook page

ယွန်း၀တီလွင်မိုးဟာ အခုလက်ရှိမှာဆိုရင် ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတြေးလျမှာပညာသင်ကြားနေတာဖြစ်ပါတယ်။ သူမဟာ မြန်မာပြည်ခဏပြန်လာစဉ်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်သွားတာဖြစ်ပြီး ရုပ်ရှင်ကားကြီးပါရိုက်ကူးထားတာဖြစ်ပါတယ်။ ယွန်း၀တီလွင်မိုးဟာ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုမကြာခဏဆိုသလို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

photo credit-Yun Waddy Lwin Moe's Facebook page
photo credit-Yun Waddy Lwin Moe's Facebook page

အခုဆိုရင်လည်း ယွန်း၀တီလွင်မိုးဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ "22" ဆိုတဲ့ captionလေးနဲ့အတူ သူမရဲ့ ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ယွန်း၀တီဟာ မကြာခင်မှာဆိုရင် အသက်(၂၂)နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Yun Waddy Lwin Moe's Facebook page
photo credit-Yun Waddy Lwin Moe's Facebook page

Source& photo credit-Yun Waddy Lwin Moe's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။