ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားတွေများစွာနဲ့ ပရိသတ်ရင်ထဲအခိုင်အမာနေရာယူထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်လေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်း ကောင်းလွန်းတဲ့ ပိုးကြာဖြူခင်ကတော့ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားသူလေးပဲ ဖြစ်ပါတယ်..။

Photo Credit - Poe Kyar Phyu Khin's Fb Acc
Photo Credit - Poe Kyar Phyu Khin's Fb Acc

ပိုးကြာဖြူခင်ကတော့ Tik Tok လေးတွေလည်း ဆော့ကစားကာ ပရိသတ်တွေကို ဝေမျှပေးလေ့ရှိသလို အခုတစ်ခါမှာလည်း "ကြယ်ကလေးရဲ့ကောင်းကင်" ဇာတ်ကားထဲက ကလေးသရုပ်ဆောင်ပေါက်စီလေးနဲ့ ဆော့ကစားထားတဲ့ Tik Tok လေးနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

အတွဲညီညီနဲ့ နှစ်ယောက်သား ကပြဆော့ကစားထားတဲ့ ပိုးကြာဖြူခင်နဲ့ ပေါက်စီလေးတို့ရဲ့ tik tok video လေးကတော့ တကယ်ကို ချစ်စရာလည်း ကောင်းပါတယ်နော်..။

Photo Credit - Poe Kyar Phyu Khin's Fb Acc
Photo Credit - Poe Kyar Phyu Khin's Fb Acc

"ပေါက်စီလေးနဲ့ ချစ်ပန်းအိမ်ပြန်တွေ့ကြပြီး tiktok ဆော့နေကြတယ်

Poe Kyar Phyu Khin

Nyein Suu Way. ." ဆိုပြီးတော့လည်း Live လွှင့်ကာ ပရိသတ်တွေနဲ့လည်း စကားတွေ ပြောထားကြပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပိုးကြာဖြူခင်နဲ့ ပေါက်စီလေးတို့ရဲ့ ချစ်စရာ Tik Tok Video လေးတွေကိုလည်း ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Poe Kyar Phyu Khin's Fb Acc
Photo Credit - Poe Kyar Phyu Khin's Fb Acc
@sengmei

♬ Ice Cream - BLACKPINK & Selena Gomez
@sengmei

@nyeinsuuway

♬ အ႐ူး - Nay Htut

Source & Photo Credit - Poe Kyar Phyu Khin's Fb Acc & Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။