မိကျောင်းဆိုတာကတော့ ပရိသတ်ကြီးသိကြတဲ့အတိုင်း အသားစားတိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာဆိုရင် ကုန်းနေရေနေသတ္တဝါဖြစ်ကာ ကြောက်သင့်တဲ့ တိရစ္ဆာန်ထဲမှာလဲပါပါတယ်။ မိကျောင်းမှာ ခေါင်းတို နဲ့ ခေါင်းရှည်ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ မိကျောင်းတွေဟာဆိုရင်လဲ လူတွေလိုပါပဲ ရှေးခေတ်တိရစ္ဆာန်တစ်ကောင်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ 

မိကျောင်းတွေဟာဆိုရင် အရမ်းကို အန္တရာယ်ရှိကြပြီး လူသားတွေအနေနဲ့လဲ ဖမ်းဖို့မလွယ်ကူးခဲ့ကြပါဘူး။ တချို့မိကျောင်းတွေဆိုရင် မယုံကြည်နိုင်လောက်အောင်ကြီးမားကြတာမို့ ဖမ်းဖို့ဆိုရင် မဖြစ်နိုင်လောက်အောင် ရှိကြပါတယ်။ ဒါပေမဲ့လဲ လူသားတွေက မလုပ်နိုင်တာမရှိကြပါဘူး....အာ့ကြောင့်ပဲ လူတွေက သူတို့ကိုဖမ်းကာ အမှတ်တရပုံတွေရိုက်ထားကြပါတယ်။ ဒါကို သမိုင်းထဲက ပုံတွေကြည့်ပြီး သိနိုင်ပါတယ်။ 

ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ သူတို့တွေဘယ်လောက်ကြီးမားကြလဲဆိုတာကို အရှှုင်းကြီး သိရှိနိုင်ပါတယ်။ အဲ့လောက်ကြီးတဲ့ကောင်ကြီးတွေကို လူသားတွေဖမ်းနိုင်တယ်ဆိုတာတော့ အံ့သြမိတယ်။ သူတို့ဟာ ဆိုရင် အပူပိုင်းဒေသတွေမှာ အများဆုံးတွေ့ရှိရပါတယ်။ မိကျောင်းတွေရဲ့မျိုးရင်းကတော့ Crocodylidae ပဲဖြစ်ကာ Georges Cuvier ကအရင်ဆုံးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ပုံတွေကြည့်ပြီး အပူပိုင်း မြစ် ချောင်း အိုင်တွေကို သွားတဲ့အခါမှာ အဲ့လိုကောင်တွေနဲ့ မဆုံမိစေဖို့ မျှော်လင့်ပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။