အချစ်နဲ့ တွေ့ဆုံကြမိတဲ့သူတိုင်း ပထမဆိုတာအမြဲတမ်းရှိတက်ကြပါတယ်။ ပထမဆုံးချစ်သူ အချစ်ဦး ဆိုတာရှိတက်ကြပြီး ပထမဆုံးအသည်းကွဲဖူးကြတာတွေလဲရှိတက်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ တွေကြုံခံစားရတာတွေဟာ ဒုတိယအကြိမ်ထပ်မဖြစ်တော့တာကို သိကြရဲ့လားဗျ။ ဒုတိယအကြိမ်အသည်းကွဲတယ် ဘာညာဆိုတာ စကားတာရှိပါတယ်။ ပထမကြိမ်လောက် မနာကျင်မခံစားရပါဘူး...ဒါကြောင့်ပဲ ဒုတိယအချစ်က ပထမအချစ်ထက် ဘာလို့သာတယ်ဆိုတာကို တွေ့ရှိကြရတာပါပဲ။ 

လူတွေဟာ သူတို့ရဲ့ ပထမဆုံးချစ်တဲ့သူမို့ အချစ်စစ်လို့ထင်နေတက်ကြပါတယ်။ ဒုတိယ သူရဲ့ ချစ်ခြင်းမေတ္တာကို သိပ်မသိရှိနားမလည်တက်ကြပါဘူး။ ပထမတစ်ယောက်နဲ့ ပြတ်သွားရင် ဒုတိယသူက သင့်ကို နားလည်မှုအပြည့်ထားပြီး ကုစားပေးနိုင်ပါတယ်။ အဲ့လိုမျိုး သင်ကြေကွဲနေချိန်မှာ ဒုတိယအချစ်က သင့်အနားမှာပဲရှိနေပြီး သင်ကို အစစအရာရာထက် ပိုဂရုစိုက်နေမှာပါ။ ပြတ်သွားတဲ့ သင့်အနေနဲ့ကလဲ ဒုတိယ အကြိမ်မှာ ထပ်ပြီး မကွဲစေဖို့ ဂရုစိုက်နေမှာပါပဲ...သင့်ကိုချစ်တဲ့သူကလဲ သူ့ဘဝမှာ ပထမဆုံးအကြိမ်အသည်းကွဲခဲ့ဖူးမှာပါ။ ဒါကြောင့် နောက်တစ်ကြိမ် ထပ်အသည်းမကွဲဖို့ ဂရုစိုက်တက်ပြီး သင်တို့နှစ်ဦးကြားမှာ နားလည်မှု ယုံကြည်မှုတွေ ချိတ်ဆက်သွားပါလိမ့်မယ်။ 

ဒုတိယအနေနဲ့ချစ်မိတဲ့သူမို့ သူ့အနားမှာ ရှိနေရတာ လုံခြုံစိတ်ချနေရပါတယ်။ ဘာလို့ဆို သင့်ကပထမတစ်ခါပဲ အရူးလုပ်ခံမှာဖြစ်ပြီး နောက်တစ်ကြိမ်ဘယ်တော့မှ အရူးလုပ်မခံတော့လို့ပါပဲ။ ပထမတစ်ယောက်တုန်းက သင့်ဟာ အတွေ့အကြုံရသလောက်ပဲ နားလည်မှုနဲ့ ဂရုစိုက်ခံခဲ့ရတာပဲဖြစ်ကာ ဒုတိအကြိမ်မှာတော့ ပိုမိုပြီး ပထမသူထက် ဂရုစိုက်ခံရပြီး ပိုနားလည်ပေးတာကို ခံရမှာပါ။ ပထမတစ်ယောက်နဲ့တုန်းက သင်က ဘာလုပ်ရမယ် ဘာကိုမလုပ်ရဘူုးဆိုတာ မသိခဲ့ပေမဲ့ ဒုတိယတစ်ယောက်နဲ့တွေ့တဲ့အခါမှာတော့ သင်ဟာ ဘာကိုလုပ်ရမယ် ဘာကိုမလုပ်ရဘူးဆိုတာ လုံးလုံးသိပါတယ်။ ပထမတစ်ယောက်နဲ့တုန်းက အရာရာကို သိခဲ့ပြီးပြီမို့ ဒုတိယတစ်ယောက်နဲ့ပတ်သတ်ပြီး သင်ဟာ ဘာမှသိပ်ပြီး မခံစားရတော့ပါဘူး။ အသည်းဆိုတာ တစ်ခါပဲကွဲတာပါ...ဘယ်တော့မှ နှစ်ခါမကွဲတက်ပါဘူး။  

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။