Aleema လို့ခေါ်တဲ့ အသက် 12 နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ ဘော်ဒါကျောင်းကနေ အိမ်ကိုပြန်ရောက်စဥ် သူမရဲ့ခေါင်းကိုဆေးကြောဖို့အတွက် lice shampoo ကို အသုံးပြုခဲ့ပါတယ်။

အဲ့ဒီနောက် ညွှန်ကြားချက်အတိုင်း ခေါင်းမလျှော်ချခင် ငါးမိနစ်စောင့်ဆိုင်းနေစဥ်မှာ မီးဖိုချောင်ထဲက အမှိုက်တွေကို သွားယူခဲ့ပါတယ်။

Photo credit - Metro

အဲ့အချိန်မှာတော့ Aleema ရဲ့မိခင်ဟာ မီးဖိုခန်းထဲမှာ ချက်ပြုတ်နေပီး Aleema ခေါင်းပေါ်မှာ လိမ်းထားတဲ့ ခေါင်းလျှော်ဟာ အလွန်လောင်ကျွမ်းနိုင်တဲ့ ပစ္စည်းဖြစ်ကြောင်း သားအမိနှစ်ယောက်လုံး မသိရှိခဲ့ပါဘူး။

အဲ့ဒီနောက် Aleema ဟာ မီးဖိုခန်းထဲက ပြန်ထွက်ဖို့ ကျိုးစားချိန်မှာပဲ သူမရဲ့ ဆံပင်တွေဟာ မီးစတင်လောင်ကျွမ်းခဲ့ပီး ခေါင်းနဲ့ မျက်နှာကိုပါ မီးတွေစွဲသွားခဲ့ပါတယ်။

Photo credit - Metro

အဲ့ဒီနောက်မှာတော့ သူမကို ဆေးရုံကို အမြန်ပို့ဆောင်ပီး ခွဲစိတ်ကုသပေးခဲ့ပေမယ့် ခွဲစိတ်မှုအပီးမှာ နှစ်လလောက် ကိုမာဝင်သွားခဲ့ပါတယ်။

အခုဆိုရင်တော့ Aleema ဟာ အသက် 16 နှစ်ကျော်အရွယ်ရှိပီဖြစ်ပီး သူမရဲ့ကျန်းမာကရးက ပြန်ကောင်းလာခဲ့ပီဆိုပေမယ့် သူမရဲ့မျက်နှာကတော့ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပျက်စီး သွားခဲ့ပါပြီ။

ဒါ့ကြောင့် ပရိသတ်တွေလည်း Aleema လိုအဖြစ်ဆိုးမျိူး မကြုံချင်ရင် ဂရုစိုက်ကြဖို့ မှာကြားလိုက်ပါရစေ။

Photo credit - Metro
Photo credit - Metro

Source:Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။