ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား ခရစ်စတီယံ ဟာဆိုရင် ငယ်ငယ်လေးကတည်းက ရေသူမလေးတွေလို ဘဝကိုရရှိပိုင်ဆိုင်ချင်သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
သူဟာ ယခုအချိန်မှာဆိုရင်တော့ အသက် 20 ကျော်အရွယ် ရှိပြီဖြစ်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ ခရစ်စတီယံ ဟာဆိုရင် သူရဲ့ငယ်စဉ်ထဲက မက်ခဲ့ရတဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ရေသူထီးတစ်ယောက်ရဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် သူ့ရဲ့ဘဝကိုပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
ထိုပြောင်းလဲမှုတစ်ခုဟာဆိုရင်တော့ ခရစ်စတီယံ ဟာ သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ရေသူမတွေရဲ့အမှီး ပုံစံပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ ထိုအမှီးကတော့ ဒေါ်လာ 1581 ကျပ် ကုန်ကျခဲ့တာဖြစ်ပြီး ရေအောက်မှာ ရေသူထီးတစ်ယောက်လို လှုပ်ရှားရန်အတွက် အဆင်ပြေလှတယ်လို့သိရပါတယ်။ ၎င်းအမှီးကတော့ မလိုတဲ့အချိန်မှာ ချွတ်ထားနိုင်တဲ့ အမှီးတစ်ခုဖြစ်ပေမယ့် ခရစ်စတီယံကတော့ ရေချိုးတဲ့အချိန် ထမင်းစားတဲ့အချိန်မှာတောင်မှ ထိုအမှီးကိုချွတ်ခဲ့ခြင်းမရှိတော့ပါဘူး။
သူဟာ ထိုအမှီးကိုအသုံးပြုကာ သမုဒ္ဒရာတွေထဲမှာသာမက ရေကူးကန်တွေ ရေချိုးကန်တွေထဲမှာပါ အမြဲကူးခတ်နေတာကြောင့် လူအများကသတိထားမိလာခဲ့ကြပြီး အခုဆိုရင်တော့ ခရစ်စတီယံဟာ ကမ္ဘာ့အလယ်မှာ လူစိတ်ဝင်စားခံရဆုံး Merman Chris အဖြစ် ရပ်တည်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ သူရဲ့ ရူးသွပ်မှုတစ်ခုကြောင့် လူအများစုရဲ့ စနောက်လှောင်ပြောင်ခံခဲ့ရတဲ့ ခရစ်ဟာ "ကျနော့် အနေနဲ့ အနုတ်သဘာဆောင်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခေါင်းထဲမထားခဲ့ပါဘူး ကျနော်အမြဲတမ်းတွေးနေတာက ကျနော့် ပျော်ရွှင်မှုကို ဘယ်လိုရှာရမလဲ ၊ ကျနော် ချစ်တဲ့ ဘဝကို ဘယ်လိုသွားရမလဲ ဆိုတာဘဲ အမြဲတွေးနေခဲ့တယ်လို့သိရပါတယ်။ ကျနော်အရမ်းလိုချင်တဲ့ ရေထဲမှာ ငါးလေးတစ်ကောင်လို ကူးခတ်နိုင်တဲ့ဘဝကို အခုရရှိနေပြီဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေပါတယ်" လို့ဖွင့်ဟထားပါတယ်။
Chris တစ်ယောက် ရေသူထီးပုံစံလေးနဲ့ ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ အောက်က ဗီဒီယိုလေးထဲမှာ ကြည့်လိုက်ကြရအောင်နော် ပရိသတ်ကြီး.......
Source - Brightside
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။