ခွေးလေးတွေဟာ လူသားတွေရဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေတဲ့ တိရိစ္ဆာန်လေးတွေဆိုပေမယ့် သူတို့မှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိကြပါတယ်။

ခွေးလေးတွေဟာ လူသားတွေလို ပျော်ရွှင်တဲ့အချိန်တွေရှိသလို စိတ်မကောင်းဖြစ်ပီး ဝမ်းနည်းတတ်ကြတဲ့အချိန်လည်း ရှိပါတယ်။

Photo from google
Photo from google

သူတို့လေးတွေရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေဟာ သခင်ဖြစ်သူနဲ့လည်း သက်ဆိုင်မှုရှိနေပါတယ်။

သခင်ဖြစ်သူက အရေးပေးဂရုစိုက်ခံရတဲ့အခါမှာ ခွေးလေးတွေဟာ ပျော်ရွှင်နေတတ်ပြီး သခင်က သူတို့ကို ဂရုမစိုက် အရေးမပေးတဲ့အခါမှာတော့ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။

Photo from google
Photo from google

စိတ်မကောင်းဖြစ်နေပီဆိုရင်လည်း ခွေးလေးတွေဟာ လူသားတွေလို ပါးစပ်ကထုတ်မပြောနိုင်တာကြောင့် သူတို့ရဲ့ မျက်လုံးတွေကနေ ဖော်ပြတတ်ပါတယ်။

အဲ့အချိန်တွေမှာဆို ခွေးလေးတွေဟာ တနေရာရာမှာ မှိုင်နေတတ်ပီး မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေကိုအထင်းသား မြင်တွေ့နေရပီး ဖေးမပေးမှုကို လိုအပ်ကြပါတယ်။

ဒါ့ကြောင့် ခွေးချစ်တတ်တဲ့ ပရိသတ်တွေရှိရင်လည်း မိမိတို့ရဲ့ခွေးလေးတွေ စိတ်မကောင်းဖြစ်နေရင် ဖေးမပေးကြပါဦးနော်။

Photo from google
Photo from google

Myanmarload. ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။