Source - Vitality twitter

Europe region က cs:go team တစ်ခုဖြစ်တဲ့ Vitality ကတော့ Nivera ကိုအသင်းရဲ့ ခြောက်ယောက်မြောက် player အဖြစ်ခေါ်ယူခဲ့ပါတယ်။

Nivera ကတော့ cs:go ကနေအနားယူပြီး Valorant ကိုကူးပြောင်းသွားပြီဖြစ်တဲ့ Scream ရဲ့ ညီပဲ ဖြစ်ပါတယ်။

Nivera ဟာ လက်ရှိမှာ အသက် 19 နှစ်ရှိနေပြီဖြစ်ပြီး pro players ဘဝကိုစတင်ခဲ့တာကတော့ ပြီးခဲ့တဲ့ 2019 ခုနှစ် 4 လပိုင်းက Legends အသင်းမှာပဲ ဖြစ်ပါတယ်။

Nivera ဟာ Warthox Esport ,Wonderkid နဲ့ Team Heretics တို့မှာလဲ ကစားခဲ့ဖူးပါသေးတယ်။

လက်ရှိမှာတော့ Nivera ဟာ Vitality ကို ခြောက်ယောက်မြောက် player အဖြစ်ရောက်ရှိလာခဲ့ပီဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ကတော့ ကြိုးစားသွားရပါဦးမယ်။

Vitality ရဲ့လက်ရှိ cs:go roster အပြည့်အစုံကတော့

Mathieu “⁠ZywOo⁠” Herbaut

Dan “⁠apEX⁠” Madesclaire

Cédric “⁠RpK⁠” Guipouy

Richard “⁠shox⁠” Papillon

Kévin “⁠misutaaa⁠” Rabier

Nabil “⁠Nivera⁠” Benrlitom

Rémy “⁠XTQZZZ⁠” Quoniam (coach)

တို့ပဲ ဖြစ်ပါတယ်။

Source- Vitality twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။