အဆိုတော်ရဲရင့်အောင်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သီချင်းအသစ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိတဲ့ ရဲရင့်အောင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တာပဲဖြစ်ကာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။

Photo Credit: yair yint aung ' s Facebook Acc
Photo Credit: yair yint aung ' s Facebook Acc

မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ရဲရင့်အောင်ကတော့ ကြွေလောက်စရာကောင်းတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ ရဲရင့်အောင်ကတော့ ယခုမှာ ချစ်ချစ်ခင်ခင်နဲ့ နုပျိုတက်ကြွနေကြတဲ့ ဖေဖေနဲ့ မေမေကို ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။ 

Photo Credit: yair yint aung ' s Facebook Acc
Photo Credit: yair yint aung ' s Facebook Acc

ပရိသတ်တွေအချစ်ပိုရတဲ့ ရဲရင့်အောင်ကတော့ " ပျော်ရွှင်စရာမွေးနေ့ပါ အဖေ နဲ့ အမေ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ "ဆိုပြီး ဖေဖေ၊မေမေရဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပ​​ဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရဲရင့်အောင်မိဘနှစ်ပါးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source : yair yint aung ' s Facebook Acc 

Photo Credit: yair yint aung ' s Facebook Acc
Photo Credit: yair yint aung ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။