ဝါရင့်မင်းသမီး ထက်ထက်မိုးဦး ဟာ ဆယ်စုနှစ်လောက်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အများဆုံးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ ရုပ်ရည်လေးကလည်း ချောမောလှနေသလို သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုဇာတ်ရုပ်တွေမဆို သဘာဝကျကျ နဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိနေတုန်းဖြစ်တဲ့ ထက်ထက်မိုးဦး က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - PRO STUDIO
Photo Credit - Htet Htet Moe Oo fb page

ဒါ့အပြင် ထက်ထက်မိုးဦး က စိတ်သဘောထား ပြည့်ဝသလို သူတစ်ပါးကိုလည်း အမြဲကူညီပေးတတ်တဲ့သူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် နေ့စဥ်အမျှ လှုပ်ရှားနေတာလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ထက်ထက်မိုးဦး က ပရိသတ်တွေ မမြင်ဖူးသေးလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Htet Htet Moe Oo fb page
Photo Credit - Htet Htet Moe Oo fb page

ဒီပုံလေးတွေကတော့ သူမ ငယ်ငယ်တုန်းက အမှတ်တရ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦး ဟာ ငယ်ငယ်ကတည်းက ချစ်စရာကောင်းနေပြီး ယခုအချိန်ထိလည်း ချောမောလှနေတုန်းပဲ ဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသမီးထက်ထက်မိုးဦးရဲ့ ခေတ်အဆက်ဆက်က အောင်မြင်ခဲ့တဲ့ ပုံလေးတွေနဲ့ အတူ ကလေးဘဝတုန်းက ချစ်စရာပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Htet Htet Moe Oo fb page
Photo Credit - Htet Htet Moe Oo fb page

Photo Credit - Htet Htet Moe Oo fb page

Source - Htet Htet Moe Oo fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။