ပရိသတ်ကြီးရေ....နိုင်ငံကျော် ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောလေးပိုးအိအိခန့်တို့ရဲ့မိသားစုလေးကို သိကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်မှုရရှိထားတဲ့သူတွေဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးသဲကိုး ကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း၀၀ကစ်ကစ်နဲ့ဖိုးပြုံးချိုလေးဖြစ်ပြီး တစ်ကယ့်ကိုချစ်စရာကောင်းလှတဲ့ ကလေးလေးပါ။

သဲကိုးလေးဟာလည်း တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီးတော့ သွားပေါက်စလေးတွေနဲ့ ရယ်လိုက်တိုင်းချစ်စရာကောင်းနေတာပါ။ အောင်သူဟာလည်း ခင်ပွန်းကောင်းပီသတဲ့သူတစ်ဦးဖြစ်တဲ့အပြင် ပိုးအိအိခန့်ကလည်း မိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်သူဖြစ်တာကြောင့် သူတို့မိသားစုလေးကလည်း ပရိတ်သတ်အားကျချစ်ခင်ရတဲ့ မိသားစုလေးဖြစ်နေရတာလည်းဖြစ်ပါတယ်......။

လက်ရှိမှာဆိုရင်လည်း အောင်သူဟာ မိသားစုကို အချိန်ပေးကာ နေထိုင်နေတာလည်းဖြစ်ပြီးတော့ မကြာသေးမီက ဇနီးဖြစ်သူပိုးအိဟာ သူမရဲ့ Facebookစာမျက်နှာမှာ "သားသား ကာကွယ်ဆေးသွားထိုးတုန်းကပါ ခင်ဗျာ" ဆိုတဲ့ captionလေးနဲ့ ဖေဖေရဲ့လက်ကိုဆွဲကာ လမ်းလျှောက်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Poe Ei Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။