လက်ရှိမှာ WLC ကမ္ဘာ့ချန်ပီယံ နဲ့ ရိုးရာလက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်တို့ကို ပိုင်ဆိုင်ထားတဲ့ Dave Luduc ကတော့ လာမယ့် နိုဝင်ဘာလ 9 ရက်နေ့မှာ အမေရိကန်နိုင်ငံသား Cyrus Washington နဲ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ရှိနေပါတယ် ။

Dave နဲ့ Cyrus တို့ဟာ 2017 ခုနှစ်တုန်းကလည်း ထိုးသတ်ခဲ့ကြဖူးပြီး ၄င်းပွဲစဥ်မှာတော့ Dave ကအနိုင်ရရှိထားပါတယ်။

လာမယ့် နိုဝင်ဘာလ 7 ရက်နေ့မှာ ထိုးသတ်သွားမယ့် ပွဲစဥ်ဟာ ရိုးရာလက်ဝှေ့ ခါးပတ်ကာကွယ်ပွဲဖြစ်ပြီး အနိုင်ရရှိတဲ့သူက Sparta ကပေးအပ်မယ့် ခါးပတ်ကိုပါ ရရှိဦးမှာ ဖြစ်ပါတယ်။

Photo credit - Dave Luduc facebook page

ဒီထိုးပွဲနဲ့ ပတ်သတ်ပြီးတော့ Dave အနေနဲ့ "ကျွန်တော့်မှာ ခါးပတ်နှစ်ခုရှိပါတယ်။ WLC ကမ္ဘာ့ချန်ပီယံနဲ့ ရိုးရာလက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံပါ။

နိုဝင်ဘာ ၇ ရက်နေ့ကျရင် ကျွန်တော်တို့ WLC ရဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ထိုးကြမှာမဟုတ်ပါဘူး။ ကျွန်တော်က ရိုးရာစည်းမျဉ်းစည်းကမ်းတွေအောက်မှာ ကမ္ဘာ့အလွတ်တန်းလက်ဝှေ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမှာပါ။

Photo credit - Dave Luduc facebook page

ကျွန်တော်နဲ့ Cyrus Washington ပြန်လည်တွေ့ဆုံခြင်းက ကျွန်တော့် အသက်မွေးဝမ်းကျောင်းရဲ့ အရေးကြီးတဲ့ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ၂၀၁၇ မှာ ကျွန်တော်တို့ ထိုးခဲ့ကြတုန်းက သူက ပွဲ ၁၀၀ ကျော်ထိုးပြီးနေပြီး ကျွန်တော်က ပွဲ၂၀ လောက်ပဲ ထိုးရသေးတဲ့ ချန်ပီယံပေါက်စလေးပါ။ သူက ပွဲစဉ်တစ်လျှောက်လုံး သွေးထွက်သံယိုနဲ့ ကျွန်တော့်ဆီကနေ ပတ်ပြေးနေခဲ့ရတာပါ။ ကျွန်တော်သူ့ကို ပွဲသိမ်းပေးနိုင်ခဲ့ပေမယ့် ကြိုးဝိုင်းထဲမှာ ပွဲကို ဘယ်လိုသပ်သပ်ရပ်ရပ် ကိုင်တွယ်ရမလဲ တကယ်မသိခဲ့ပါဘူး။ ပွဲစဉ်တစ်လျှောက် ကျွန်တော့်ဖက်က အသာစီးရခဲ့ပေမယ့် ရိုးရာလက်ဝှေ့စည်းမျဉ်းတွေအရ သရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ သူကလည်း ပြန်တွေ့ကြဖို့ တောက်လျှောက်မေးနေသလို ကျွန်တော်ကလည်း ကျွန်တော့် စွမ်းဆောင်ရည်တွေ တောက်လျှောက် တင်လာခဲ့ပါတယ်။ Cyrus Washington က ထွန်းထွန်းမင်းကို ပွဲသိမ်းပေးခဲ့တဲ့ တစ်ဦးတည်းသောသူမို့ ဒီပွဲက ကျွန်တော့်ရဲ့ တကယ့်အနှစ်ပွဲပါ။ ကျွန်တော့်ရပ်တည်မှုကို ပိုခိုင်မာအောင် အဆုံးအဖြတ်ပေးမယ့် ကိစ္စမို့ ကျွန်တော်သူ့ကို အပြတ်အသတ်ပွဲသိမ်းပေးဖို့ လိုပါတယ်။" လို့ပြောကြားထားပါတယ်။

Dave အနေနဲ့လည်း ဒီပွဲမှာ Cyrus ကို အလဲထိုးအနိုင်ပြုမယ်လို့ ပြောထားတာဆိုတော့ ကဲပရိသတ်ကြီးရေ Dave နဲ့ Cyrus Washington တို့ရဲ့ ပွဲစဥ်ကို အပီအားပေးလိုက်ကြရအောင်ဗျာ.....

Photo credit - Dave Luduc facebook page

Source - Dave Luduc facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။