Fnatic ကတော့ ပြီးခဲ့တဲ့ လပိုင်းက Jabz ဟာ po 4 နေရာကိုပြောင်းလဲ ကစားချင်တာကြောင့် အသင်းနဲ့အဆင်မပြေဘူးဆိုပြီး ထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ အဆင်မပြေမှုတွေများစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် Jabz ကို အကြိုက်ပေးပြီး ပြန်ခေါ်ခဲ့ရပြီပဲ ဖြစ်ပါတယ်။
Jabz ထွက်ခွာသွားပြီးနောက်မှာတော့ Fnatic ဟာ Geek Fam ကထွက်လာတဲ့ Xepher ကို stand-in players အနေနဲ့ ခေါ်ယူကစားခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။
အဲ့ဒီနောက်မှာတော့ Fnatic ဟာ eyyou ကို po 5 player အဖြစ်ခေါ်ယူကစားခဲ့ပေမယ့်လည်း eyyou က Fnatic မှာ ရက်ပိုင်းလောက်ပဲ ကစားပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါ့ကြောင့် Fnatic အနေနဲ့ အသင်းရဲ့ roster ကိုအားဖြည့်ဖို့ Sea က sup player ကောင်းတစ်ယောက်ကို လိုက်ရှာခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။
အဲ့ဒီနောက်မှာတော့ Fnatic အနေနဲ့ Jabz ကို သူကစားချင်တဲ့ po 4 နေရာကို ပေးကစားပြီး ပြန်လည်ခေါ်ယူဖို့ ဆူံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အရင် po 4 player ဖြစ်သူ Dj ကတော့ po 5 & captain နေရာကို ပြောင်းလဲကစားသွားတော့မှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Fnatic ရဲ့ လက်ရှိ roster ကတော့
Po 1- Raven
Po 2- Geek Fam
Po 3- TBD
Po 4- Jabz
Po 5- Dj
တို့ပဲ ဖြစ်ပါတယ်။
Fnatic အနေနဲ့ roster ပြည့်စုံဖို့အတွက် iceiceice ရဲ့ offlaner နေရာမှာ အစားထိုးဖို့အတွက် player တစ်ယောက်လိုအပ်နေပါသေးတယ်။
ဒီ offlaner နေရာကိုတော့ လက်ရှိမှာ free agent ဖြစ်နေတဲ့ Kuku ရောက်လာနိုင်ခြေရှိပါတယ်။
Source- Fnatic facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။