ဘောလုံးကစားပွဲတွေမှာဆိုရင် ကစားသမားတွေဟာ အဝါကဒ်တို့ အနီကဒ်တို့ကို အပြမခံရအောင် သေသေချာချာဆော့ကစားလေ့ရှိကြပါတယ်။ တစ်တခါတစ်လေကျရင်လဲ တစ်ဖက်အသင်းက သူတွေက ကိုယ်ဘာမှမမှားတာတောင် အဝါကဒ်တို့ အနီကဒ်တို့ အပြခံရအောင် လုပ်လေ့ရှိကြပါတယ်။ ဒါမှပဲ အပြခံရတဲ့သူအနေနဲ့ အနီးကဒ်အပြခံရမယ်ဆိုရင် ၁၀ယောက် ၁၁ယောက်အနေအထားဖြစ်သွားပါပြီ။ တချို့ကျတော့လဲ တမင်ကို ပြေးချိုးတာတွေ ဘာတွေရှိပါတယ်။ သို့သော်လဲ အသင်းအတွက် ဖြတ်ထုတ်တာတွေရှိသလို မကျေနပ်ချက်တွေနဲ့ လုပ်တာတွေလဲရှိပါတယ်။ အောက်မှာဆိုရင်လဲ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး အနီကဒ်ပြခံရတဲ့ သူတွေကို ဖော်ပြလိုက်ပါတယ်။
John Heitinga (World Cup 2010)
2010 World Cup Final ပွဲမှာဆိုရင် စပိန်နဲ့ နယ်သာလန်တို့ တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ စပိန်ကနိုင်သွားခဲ့ပေမယ့် နယ်သာလန်အသင်းဟာ အဝါကဒ် ၉ ကဒ်ထိ ပြခံခဲ့ရလောက်အောင်ပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ အဲ့ထဲကမှ အဝါကဒ် နှစ်ကဒ်နဲ့ အနီကဒ်ရသွားတဲ့သူကတော့ John Heitinga ပဲဖြစ်ပါတယ်။ သူအနေနဲ့ ပွဲချိန် ၁၀၉မိနစ်မှာ ထွက်ရှိသွားရတာဖြစ်ပြီး နောက် ၇မိနစ်အကြာမှာတော့ Andres Iniesta ကစပိန်အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့ပါတယ်။
Luis Suarez (World Cup 2010)
Luis Suarez တစ်ယောက် ဂိုးမဝင်အောင် လက်နဲ့ပုပ်ခဲ့တဲ့ပွဲကို ဘောလုံးပရိသတ်ကြီး သိရှိကြမှာပါ။ အဲ့ဒီပွဲဟာ Semifinal ပွဲဖြစ်ပြီး Ghana နဲ့ Uruguay တို့တွေ့ကြတဲ့ပွဲဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုး နဲ့ ပွဲအချိန်ပိုထိ အကြိတ်အနယ်ကစားနေချိန် Ghana ဘက်က သွင်းဂိုးရဖို့သေချာနေချိန်မှာ Suarez ဟာဂိုးစည်းပေါ်ကနေ ဘောလုံးကို လက်နဲ့ဖြတ်ထုတ်ခဲ့ပြီး အနီကဒ်ပြခံခဲ့ရကာ Penalty ပေးလိုက်ရပါတယ်။ သို့သော်လဲ အဲ့ဒီ Penalty ကို Ghana အသင်းဟာ ကန်ချက်လွဲသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှတော့ Penalty အဆုံးအဖြတ်နဲ့ Uruguay ဟာအနိုင်ရရှိသွားခဲ့ပါတယ်။ Suarez ရဲ့ အနီကဒ်အပြခံပြီး လက်နဲ့သာမပုပ်ထုတ်နိုင်ခဲ့ရင် Uruguay လဲအနိုင်ရရှိမှာမဟုတ်ပါဘူး။
Kaka (World Cup 2010)
Kaka လို့ကစားသမားတစ်ယောက်က အနီကဒ်အပြခံရတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူလောက်အေးဆေးကစားတာ သူပဲရှိပါတယ်။ ဘယ်လိုများ အနီကဒ်ပြခံခဲ့ရလဲလို့ ပရိသတ်ကြီးလဲ သိတဲ့သူရှိသလို မသိတဲ့သူလဲ ရှိကြမှာပါ။ Brazil နဲ့ Ivory Coast တို့တွေ့တဲ့ပွဲမှာ Kaka ဟာတစ်ဖက်ကစားသမားကို လက်နဲ့ရိုက်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက အနီကဒ်ပြခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Kaka ဟာ အဲ့ကစားသမားရဲ့ ရင်ဘက်ကိုသာ လက်နဲ့ပုပ်ခဲ့တာဖြစ်ပေမယ့် အပုပ်ခံရတဲ့သူက မျက်နှာကို အရိုက်ခံရတဲ့ပုံနဲ့ ဟန်ဆောင်လဲကျခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပရိသတ်တွေကတော့ မကျေနပ်ခဲ့ပါဘူး။
သတင်းအရင်းမြစ် Bleacher Report
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။