Chinese Super team လို့ အများကသတ်မှတ်ထားတဲ့ 4AM ကတော့ သူတို့ရဲ့ roster ကိုကြေညာခဲ့ချိန်မှာ အများထင်ထားသလို carry player က Eurus မဟုတ်ပဲ Sylar ဖြစ်နေတာကြောင့် အဆင်ပြေပါ့မလားလို့ အားလုံးကစိုးရိမ်နေခဲ့ကြသလို roster ကြေညာပြီးနောက်တနေ့မှာပဲ Sylar ကိုအသင်းကနေ ပြန်လည်ထုတ်ပယ်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံနေရပါတယ်။

ဒါဟာ Sylar ရဲ့ fan တွေအတွက်လည်း ဒေါသထွက်စရာ ကိစ္စတစ်ခုဖြစ်ခဲ့သလို လုပ်ကိုမလုပ်သင့်တဲ့ ကိစ္စပဲ ဆိုပြီး ဝေဖန်မှုတွေ ခံနေရတာပဲ ဖြစ်ပါတယ်။

ကောလဟာလတွေအရတော့ fy နဲ့ Somnus'M တို့ရဲ့ တောင်းဆိုမှုကြောင့် 4AM ဟာ carry နေရာမှာ Eurus ကိုပြန်ခေါ်ဖို့ ကျိုးစားခဲ့တာဖြစ်ပြီး အသင်းက players တွေဖြစ်တဲ့ fy, Somnus'M, Yang နဲ့ RedPanda တို့လေးယောက်လုံးဟာ လစာလျော့ယူဖို့ သဘောတူခဲ့ရပါတယ် လို့သိရပါတယ်။

ယခုဆိုရင် ဒီကစ္စတွေ​​​ဖြစ်လာတာ တပတ်ကျော်လောက်ကြာပီ ဖြစ်ပြီး မနေ့က အောက်တိုဘာလ 10 ရက်နေ့မှာဆိုရင် dota 2 majors and minor Registration page မှာ Eurus ကို 4AM ရဲ့ roster ထဲမှာ add လုပ်လိုက်ပြီဆိုတာ ဖော်ပြလာပါတယ်။

4AM ရဲ့တရားဝင် page မှာတော့ မကြေညာသေးပေမယ့် dota2 majors and minors registration page မှာကြေညာခဲ့ပြီဆိုတော့ Eurus ဟာ အမှန်တကယ် 4AM ရဲ့ roster ထဲမှာ ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် 4AM ရဲ့ dota 2 roster အပြည့်အစုံကတော့

Po 1- Eurus

Po 2- Somnus'M

Po 3- Yang

Po 4- fy

Po 5- RedPanda

တို့ပဲဖြစ်ပါတယ်။

ဘော်ဒါတို့ရော 4AM ရဲ့ ဒီ roster ကိုဘယ်လိုမြင်ကြလဲ......

Screenshoot of dota 2 majors and minor Registration page

Myanmarload Esports. ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။