Photo credit- DreamHack

Cloud9 ကတော့ သူတိူ့ရဲ့ cs:go အသင်းသစ်မှာကစားမယ့် နောက်ထပ် player တစ်ယောက်ကို ကြေညာခဲ့ပါတယ်။

Cloud9 ကြေညာခဲ့တဲ့ player ကတော့ floppy ပဲဖြစ်ပါတယ်။

floppy ဟာ တခြားသူတော့မဟုတ်ပါဘူး Cloud9 main အသင်းမှာ ကစားနေတဲ့ player တစ်ယောက်ဖြစ်ပြီး Cloud9 ရဲ့အသင်းသစ်မှာကစားဖို့အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Floppy ဟာ Cloud9နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်တန်ကြေးကတော့ $432,000 USD ရှိပါတယ်။

ဒီတန်ကြေးဟာ floppy အရင်ကရေးထိုးခဲ့တဲ့စာချုပ်တွေထက်တော့ အနည်းငယ်နိမ့်နေပါတယ်။

floppy ဟာ အသက် 20 အရွယ် အမေရိကန်နိုင်ငံသား cs:go player တစ်ယောက်ဖြစ်ပြီး အနာဂတ်တွေ တောက်ပနေတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

floppy အခုကစားမယ့် Cloud9 ရဲ့cs:go အသင်းသစ် roster ကတော့

Alex “⁠ALEX⁠” McMeekin

William “⁠mezii⁠” Merriman

Özgür “⁠woxic⁠” Eker

Ricky “⁠floppy⁠” Kemery

Aleksandar “⁠kassad⁠” Trifunović (coach)

တို့ဖြစ်ပြီး roster ပြည့်စုံဖို့အတွက် နောက်ထပ် player တစ်ယောက်ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

Source - Cloud9 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။