Photo credit -EPICENTER

မလေးရှားနိုင်ငံသားလေး xNova ရဲ့နာမည်အရင်းကတော့ Yap Jian Wei ပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1997 ခုနှစ် ဆယ်လပိုင်း 1 ရက်နေ့ဖြစ်တာကြောင့် xNova ဟာအခုဆိုရင် အသက် 22 နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။

သူ Dota 2 local scene မှာစတင်လူသိတာကတော့ Lowyat E-sports မှာကစားခဲ့တဲ့ 2013 ခုနှစ်လောက်ထဲက ဖြစ်ပါတယ်။

2013 နှစ်ကုန်ပိုင်းလောက်မှာတော့ xNova ဟာ Nara Stacks အသင်းကို mid player အဖြစ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

လအနည်းလောက်ကစားအပြီးမှာတော့ xNova ဟာ GeNysis အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး အချိန်တခုလောက်အကြာမှာ Nara Stacks အသင်းကိုပြန်ရောက်လာခဲ့ပါတယ်။

အဲ့အချိန်မှာတော့ Nara Stacks အသင်းဟာ Who2Beat ဆိုတဲ့နာမည်ကိုပြောင်းခဲ့ပြီး xNova ကလည်း Mid ကနေ po5 role ကိုပြောင်းလဲကစားခဲ့ပါတယ်။

xNova ဟာ Who2bet အသင်းမှာ တနှစ်ကျော်လောက်ကစားခဲ့ပြီး 2016 ခုနှစ် 3 လပိုင်း မှာထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Mineski အသင်းကိုရောက်ရှိလာခဲ့ပြီး 2016 ခုနှစ် 8 လပိုင်းမှာ ပြန်ထွက်ခွာပြီး 9 လပိုင်းမှာ WarriorsGaming.Unity ကိုရောက်ရှိခဲ့ပါတယ်။

WG.Unity မှာ အချိန်တော်တော်ကြာကြာ ကစားပြီးတဲ့နောက်မှာတော့ xNova ဟာ 2017 ခုနှစ် 12 လပိုင်းမှာ အသင်းကထွက်ခွာပြီး 2018 ခုနှစ် 1 လပိုင်း 1 ရက်နေ့မှာ PSG.LGD အသင်းကိုရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ xNova ဟာ PSG.LGD အသင်းနဲ့အတူ Ti8 ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Grand final ကိုတက်ရောက်နိုင်ခဲ့ပေမယ့် OG အသင်းကိုရှုံးနိမ့်ပြီး Ti Champion အိမ်မက်နဲ့ဝေးကွာခဲ့ရပါတယ်။

Ti9 ရောက်ပြန်တော့လည်း အကောင်းဆုံးကြိုးစားခဲ့ပေမယ့် semi Final မှာ Team Liquid ကိုရှုံးနိမ့်ပြီး 3rd place နဲ့သာကျေနပ်ခဲ့ရပါတယ်။

Ti9 အပြီးမှာတော့ xNova ဟာ PSG.LGD အသင်းနဲ့အတူ လအနည်းငယ်လောက်အနားယူသွားခဲ့ပြီးနောက် ပြိုင်ပွဲတွေကို ပြန်လည်ဝင်ရောက်ယှဥ်ကာ champion ဆုတွေလည်း ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ 9 လပိုင်း 16 ရက်နေ့မှာတော့ Xnova ဟာ သူ့ရဲ့အသင်းဖော်အချို့ မရှိတော့တဲ့ PSG.LGD ကိုစွန့်ခွာကာ EHOME ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Xnova ဟာ လက်ရှိမှာ EHOME အသင်းနဲ့အတူ ပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်နေပြီး သူ့ရဲ့အနာဂတ်အတွက် ဆက်လက်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။