Stranger Things Fan တွေအတွက် Netflix ဟာ ၂၀၁၇ခုနှစ်မှာ BonusXP! နဲ့ပေါင်းပြီး Stranger Things Game ကို Google Play မှာထွက်ရှိခဲ့ပါတယ်။ ထွက်ရှိခဲ့တဲ့ချိန်မှာဆိုရင်လဲ ဂိမ်းဟာဆော့ကစားလို့ကောင်းနေခဲ့ပါတယ်။ ရုပ်ရှင်ကားကိုကြည့်တဲ့သူတွေရော ကစားတဲ့သူတွေပါ ဂိမ်းကို ကျေနပ်ခဲ့ပါတယ်။ ဂိမ်းဟာကြာပြီဆိုပေမဲ့လဲ ခုချိန်မှာ မဆော့ရသေးရင်တော့ အသစ်ပါပဲ။ ဇာတ်လမ်းလေးကတော့ အောက်မှာဖော်ပြလိုက်ပါတယ်။   

၁၉၈၄ ခုနှစ်မှာ Stranger Things ဆိုတဲ့ဖြစ်ရပ်ဟာ ထပ်မံလို့ Hawkins, Indiana မှာဖြစ်ပွားခဲ့ပါတယ်။Hopper နဲ့ ကလေးတွေဟာ အဲ့ဒီကိစ္စမှာ ပါဝင်ပတ်သတ်လို့နေခဲ့ကာ သူတို့ကိုယ်တိုင် ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။ Stranger Things ကားလိုပဲ ကလေးတွေနဲ့ရဲတစ်ယောက်ဟာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဲ့ကိစ္စကိုဖြေရှင်းဖို့ပါပဲ။ အဲ့တော့ အရင်နေ့ရက်တွေကို ပြန်လည်ရောက်ရှိသွားရတာပေါ့။  

ဂိမ်းလေးကတော့ ဉာဏ်စမ်းတွေကို ဖြေရှင်းရင် ရန်သူတွေကို ရင်ဆိုင်တိုက်ခတ်ရမှာပါ။ ဒီထဲကဇာတ်ဆောင်တွေကတော့ ကားထဲကသူတွေနဲ့အတူတူပါပဲ အဲ့အပြင် Hawkins ရဲ့ နေရာတော်တော်များများကို တွေ့ရှိရမှာဖြစ်ပြီး Mirkwood Forest နဲ့ Hawkins Lab တို့လို သင်ကြိုက်တဲ့နေရာတော်တော်များများလဲ ပါမှာဖြစ်ပါတယ်။ အဲ့အပြင် Character တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် Ability တွေရှိပါတယ်။ ဂိမ်းတစ်ခုလုံးဟာ တော်တော်လေးကို ဆော့လို့ကောင်းတာမို့ ပရိသတ်ကြီးလဲ ဆော့ကြည့်သင့်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။