ခုဖော်ပြသွားမဲ့ဂိမ်းကတော့ Caption မှာဖော်ပြထားသလိုပဲ သည်းထိတ်ရင်ခုန်စွာနဲ့ ဆော့ကစားရမဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ်လို့ ထင်ပါတယ်။ ဂိမ်းနာမည်ကတော့ Identity V-1 vs 4 Asymmetrical Combats ပဲဖြစ်ပါတယ်။ အရင်တစ်ခါတုန်းက ဖော်ပြထားတဲ့ဂိမ်းလိုပါပဲ ဆော့ကစားရတာဟာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး Horror အရသာနဲ့မို့ ကောင်းပါတယ်။   

ကစားတဲ့နေရာမှာ နှစ်ဖက်ရွှေးကစားလို့ရပါတယ်။ Survivor အနေနဲ့ကစားမလား Hunter အနေနဲ့ ကစားမလားဆိုတာကို စိတ်ကြိုက်ရွှေးချယ်နိုင်ပါတယ်။ ကိုယ်အနေနဲ့ ဆရာကျကျ အမဲလိုက်ပြီး ပညာသားပါပါ လူတွေကို ဖမ်းချင်ရင်တော့ Hunter အဖြစ် ဆော့ကစားပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ခေါင်းသုံးပြီး လွတ်မြောက်ဖို့အတွက် ကြိုးစားချင်ရင်တော့ Survivor အဖြစ်ကစားပေါ့။  

ဒီလိုမျိုး ဂိမ်းတွေကို ဆော့ကစားရတာဟာ ဘာနဲ့တူလဲဆိုရင် ကိုယ်ကိုတိုင် လုပ်နေရပါလားဆိုတဲ့ Feel ကိုရရှိစေပါတယ်။ Horror ကားတစ်ကားကို ကြည့်နေရတာထက်ပိုပြီး ကိုယ်ကိုတိုင် ဝင်ရောက်ပြီး လှုပ်ရှားနေရတာဆိုတော့ သူတို့ရဲ့ခံစားချက်ကို သိစေပါတယ်။ ပြောချင်တာကတော့ Hunter နေရာကဆိုရင် သူ့အနေနဲ့ လူတွေကိုမိဖို့ ဘယ်လောက်တောင် ခတ်ခဲလဲဆိုတာ သိရပြီး Survivor အနေနဲ့ဆို လွတ်မြောက်ဖို့ ဘယ်လောက်တောင်ခတ်ခဲလဲဆိုတာ သိရှိရပါတယ်။ ခေါင်းပိုကောင်းတဲ့သူကတော့ အနိုင်ရမှာပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။