အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိလာခဲ့တဲ့သူကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ ရိုးသားဖြူစင်ပြီး စကားပြောပွင့်လင်းသူဖြစ်ကာ လူအများ သတိပြုမိစရာ အပြုလေးတွေကြောင့်လည်း ချစ်ခင်သူတွေများပြားနေတာဖြစ်ပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo Credit - Phyu Phyu Htwe's fb account
Photo Credit - Phyu Phyu Htwe's fb account

ဒါ့အပြင် အသက်ငယ်ရွယ်ပေမယ့်လည်း ဘာသာရေးကိုင်းရှိုင်းပြီး အလှူအတန်းတွေမှာလည်း ရက်ရက်ရောရော လှူဒါန်းပေးတတ်သူပဲဖြစ်ပါတယ်။ ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေအပြင် ခေတ်ပေါ်ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်သူပဲဖြစ်ပါတယ်။ ယခုမှာတော့ ဖြူဖြူထွေးက ပရိသတ်တွေချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phyu Phyu Htwe's fb account
Photo Credit - Phyu Phyu Htwe's fb account

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေး က မြန်မာဝတ်စုံလေးဝတ်ကာ သနပ်ခါးပါးကွက်ကြားလေးလူးပြီး ချစ်စရာအမူအရာလေးတွေနဲ့ ဓာတ်ဖမ်းပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက " ပါးပြင်မှာ သနပ်ခါးလေးနဲ့ ..." ဆိုတဲ့ caption လေးနဲ့လည်း ရေးသားဖော်ပြထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ ပုံလေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phyu Phyu Htwe's fb account

Source - Phyu Phyu Htwe's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။