ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောရတနာကတော့ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အကယ်ဒမီထူးချွန်ဆုလည်းရရှိထားတဲ့ နာမည်ကျော်မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

Photo Credit - Chaw Yadanar's FB Page
Photo Credit - Chaw Yadanar's FB Page

အခုလို Covid ကာလမှာ အနုပညာအလုပ်တွေရပ်နားထားပြီး အိမ်မှာပဲ Stay Home နေရတဲ့အချိန်လေးတွေနဲ့မှာလည်း Tik Tok လေးတွေ ဆော့ကစားပြီး ပရိသတ်တွေကို အလွမ်းပြေစေပါသေးတယ်နော်..။

အခုတစ်ခါမှာလည်း အပြင်ထွက်ပြီး ပဲများချင်ပေမယ့်လည်း Covid ကာလမို့ အိမ်မှာပဲ ပဲပေးဆော့ကစားထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေပြီး အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Chaw Yadanar's FB Page
Photo Credit - Chaw Yadanar's FB Page

"ကိုဗစ်ကာလ ပဲများချင်သော်လည်း.." ဆိုပြီး သူမရဲ့ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အပျင်းပြေလေး ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း လူငယ်လေးတစ်ယောက်လို နုပျိုလှပနေတဲ့ ချောရတနာရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေသဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Chaw Yadanar's FB Page
Photo Credit - Chaw Yadanar's FB Page

Source & Photo Credit - Chaw Yadanar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။