ပရိသတ်ကြီးရေ.. မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းကိုတော့ ပရိသတ်တွေအားလုံးပဲ ချစ်ခင်အားပေးကြမှာပါနော်..။

မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင်လာသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Khin San Win's Fb Account
Photo Credit - Khin San Win's Fb Account

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မကြီးစန်းဟာ အခုလို Covid ကာလမှာ အနုပညာအလုပ်တွေရပ်နားထားပြီး ပရိသတ်တွေကိုလည်း စည်းကမ်းတွေစနစ်တကျ လိုက်နာကြဖို့ ပြောထားပါတယ်နော်..။

အပြင်သွားတိုင်း Mask တပ်ပြီး လက်ဆေးကြဖို့အတွက် ပြောထားသလို ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း စနစ်တကျလိုက်နာသင့်တဲ့အကြောင်းလေးတွေ ပြောပြထားတာပါ..။

Photo Credit - Khin San Win's Fb Account
Photo Credit - Khin San Win's Fb Account

"အပြင်သွားရင် Mask တပ်ဖို့လိုတယ် တစ်ခုခုကိုယ့်အသုံးအဆောင်ပစ္စည်းတွေကိုင်ပြီးတိုင်း လက်ဆေးပါ

ကမ္ဘာကပ်ရောဂါဖြစ်နေတဲ့အတွက် လူတိုင်းပေါ့ဆပြီး မနေကြပါနဲ့

နီးစပ်ရာပတ်ဝန်းကျင်နဲ့ အိမ်သူအိမ်သားတွေကနေတစ်ဆင့် ပြန်ပြီးကူးစက်နိုင်တဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျလိုက်နာသင့်တယ်လို့ ထင်ပါတယ်.." ဆိုပြီး ပြောပြထားတာပါ..။

ချစ်ရတဲ့ပရိသတ်တွေအတွက်လည်း မကြီးစန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Khin San Win's Fb Account

Photo Credit - Khin San Win's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။