ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောလေး အလင်းရောင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ယောကျ်ားပီသတဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တွေကို အခိုင်အမာရရှိထားသူပါ..။

တည်ငြိမ်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသားချောလေးအလင်းရောင်ဟာ Covid ကာလမို့ အနုပညာအလုပ်တွေကို ရပ်နားထားရပြီး အိမ်မှာပဲ Stay Home နေ နေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - ALINNYAUNG's Fb Page
Photo Credit - ALINNYAUNG's Fb Page

အလင်းရောင်တစ်ယောက် အိမ်မှာနေရင်း ပျင်းနေပြီး အရမ်းအိပ်နေတဲ့အကြောင်းလေးကို ရယ်စရာလေးအဖြစ် ဟာသလေးနှောပြီး ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

Stay Home နေရင်း အိမ်မှာပဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ရိုက်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေရင်း ဟာသလေးနှောကာ ပြောပြထားတာပါ..။

Photo Credit - ALINNYAUNG's Fb Page
Photo Credit - ALINNYAUNG's Fb Page

"အခုတလော အိပ်တာတောင် နားနားပြီး

အိပ်နေရတယ်

အိမ်ကသေတယ်ထင်ပြီး မီးသဂြိုလ်လိုက်မှာစိုးလို့.." ဆိုပြီး ရယ်စရာလေးအဖြစ် ဟာသလေးနှောပြီး ပြောပြထားတာပါနော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ်တွေကလည်း မင်းသားချောလေးအလင်းရောင်ကို ပြန်လည်ပြီး စနောက်ထားကြတဲ့ Comment လေးတွေလည်း တွေ့မြင်ရပါတယ်နော်..။

Photo Credit - ALINNYAUNG's Fb Page
Photo Credit - ALINNYAUNG's Fb Page

Source & Photo Credit - ALINNYAUNG's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။