ပရိသတ်ကြီးရေ မင်းသားဝေဠုကျော်ကတော့ တစ်နေ့တာအချိန်တွေကို တန်းဖိုးရှိရှိ ဖြတ်သန်းနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ဝေဠုကျော်ဟာ လူမှုရေးအကျိုးပြုတဲ့ ပရဟိအလုပ်တွေကို ရှေ့ဦးဆောင်ပြီးလုပ်ကိုင်ပေးနေတဲ့ သူပဲဖြစ်ပါတယ်။ အလှူအတန်းတွေဆိုရင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ လိုအပ်နေတဲ့ ဘယ်နေရာဒေသမဆို ကိုယ်တိုင်အပင်ပမ်းခံပြီး သွားရောက်လှူဒါန်းပေးတတ်တဲ့ ပရဟိတမင်းသားကြီးပဲဖြစ်ပါတယ်။

Photo Credit - Wai lu Kyaw fb page
Photo Credit - Wai lu Kyaw fb page

လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ဝေဠုကျော်က ရှေ့ကနေတိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပိုးတွေ့လူနာတွေကို လူနာတင်ယာဥ် တွေနဲ့ နေ့မနားညမနား ကူညီပေးတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ကူညီပေးတဲ့အပြင် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ယခုမှာ ဝေဠုကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ မြွေသေးသေးလေးတစ်ကောင် ကိုင်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit - Wai lu Kyaw fb page
Photo Credit - Wai lu Kyaw fb page

ဒီပုံလေးတွေနဲ့ ဝေဠုကျော်က "COVID 19 လူနာတွေလဲသယ်ရ မြွေလဲ ဖမ်းရတယ်ဗျ သကောင့်သားက ကျွန်တော်အခန်းထဲက PPE ထည့်တဲ့ကပ်ထူပုံးတွေ ကြားထဲမှာ ငြိမ့်နေတာလေ PPE ယူတဲ့သူက အမြီးမြင်လိုက်တော့ ကင်လိပ်ချောလို့ ထင်လိုက်တာတဲ့ သေခြာ ကြည့်မှ မြွေမှန်းသိတာ အဲ့ဒီမြွေကို ကျွန်တော်ကဖမ်းပြီး လွတ်ရာမှာ သွားလွှတ်ပေးလိုက်ပါတယ်...အားလုံးဘေးကင်းကြပါစေ..." ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အများအကျိုးဆောင်ရွက်နေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အားပေးစကားလေး ပြောပေးခဲ့ပါဦး။

Photo Credit - Wai lu Kyaw fb page
Photo Credit - Wai lu Kyaw fb page

Photo Credit - Wai lu Kyaw fb page

Source - Wai lu Kyaw fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။