ပရိသတ်ကြီးရေ.. မွန်မြတ်တဲ့ ချီးကျုးစရာစိတ်ထားတွေကြောင့် ပရဟိတမင်းသားကြီးအဖြစ် အားလုံးက လေးစားချီကျူးနေကြရတဲ့ ဦးကျော်သူကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်လေးစားကြမှာပါနော်..။

ဦးကျော်သူကတော့ အနုပညာလောကမှာ အကယ်ဒမီဆုတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားသလို ပရဟိတလုပ်ငန်းတွေမှာလည်း တစိုက်မက်မက်လုပ်ဆောင်မှုတွေကြောင့် ပြည်သူပရိသတ်အများက ချီးကျူးနေရသူပါပဲ..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဦးကျော်သူဟာ အခုလို Covid ကာလမှာလည်း နေ့မနား ညမနားပရဟိတအလုပ်တွေကို ကိုယ်တိုင်လုပ်ဆောင်နေဆဲပါပဲနော်..။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ခေါင်းဆောင်ဥက္ကဌတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူဟာ covid ကာလမို့ အားလုံးဝိုင်းတားကြပေမယ့် ကိုယ်တိုင်ရှေ့တန်းထွက်ကာ ပြည်သူပရိသတ်တွေအတွက် ကိုယ်ကျိုးစွန့် ပရဟိတအလုပ်တွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

"ငါ...ဥက္ကဌ / ခေါင်းဆောင် ဆိုပြီးထိုင်နေလို့ မရ။

ညီငယ်၊သားငယ်၊ညီမငယ်တွေက တားကြပါတယ်။

ဒါပေမယ့်... လူအင်အားနည်းလာပြီဆိုရင် ကိုယ်တိုင်ရှေ့တန်းထွက်သင့်ရင် ထွက်ရမှာပဲပေါ့။.." ဆိုပြီးတော့လည်း လေးစားချီးကျူးစရာ စကားလေးလည်း ဆိုထားပါသေးတယ်နော်..။

နေ့မနားညမနား ပရဟိတအလုပ်တွေလုပ်နေသလို အခုလို Covid ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် စိုးရိမ်နေကြတဲ့အချိန်မှာလည်း ပရဟိတအလုပ်တွေ အဆက်မပြတ်ကိုယ်တိုင်လုပ်ဆောင်နေတဲ့ ဦးကျော်သူရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

Source & Photo Credit - Kyaw Thu's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။