ပရိသတ်ကြီးတို့ရဲ့အချစ်တွေကို အပြည့်အဝရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ စန္ဒီမြင့်လွင်ရဲ့ ချစ်စရာသမီးလေး ခင်လင်းထင်ကလည်း အပါအဝင်ပါပဲ..။

Traesure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးခင်လင်းထင်ကိုတော့ ဖေဖေမေမေဖိုးဖိုးဖွားဖွားတွေက သည်းသည်းလှုပ်ချစ်ကြတဲ့အပြင် ပရိသတ်တွေကလည်း အမြဲစောင့်ကြည့် အားပေးချစ်ခင်နေကြတာပါ..။

Photo Credit - Thiha Lwin's IG Account
Photo Credit - Thiha Lwin's IG Account

ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ Treasure လေးကတော့ ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းလေးကို ထော်ထော်နေတတ်ပြီး တစ်နေ့တစ်ခြား ပိုပိုချစ်ဖို့ကောင်းလာတာမို့လည်း အားလုံးက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိကြသလို အခုတစ်ခါမှာလည်း ဖေဖေမေမေတို့နဲ့ ဆော့ကစားပြီး တခစ်ခစ်နဲ့ ရယ်မောနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပြန်ပါတယ်နော်..။

Photo Credit - Thiha Lwin's IG Account
Photo Credit - Thiha Lwin's IG Account

ပုန်းလိုက် ကွယ်လိုက်နဲ့ တူတူရေဝါးဆော့ကစားနေပြီး တခစ်ခစ်နဲ့ရယ်မောသဘောကျနေတဲ့ Treasure လေးရဲ့ အသည်းယားစရာပုံလေးကတော့ တကယ်ကို ချစ်စရာကောင်းလွန်းနေပါတယ်နော်..။

ချစ်စရာကောင်းလွန်းပြီး လည်လွန်းတတ်လွန်းလို့ အားလုံးက အချစ်ပိုနေရတဲ့ Treasure ရဲ့ ဗီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Thiha Lwin's IG Account
Photo Credit - Thiha Lwin's IG Account
View this post on Instagram

##surprise

A post shared by Thiha Lwin (Leo) (@thiha_lwin_) on

Source & Photo Credit - Thiha Lwin's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။