ပရိသတ်ကြီးရေ သရုပ်ဆောင် ဒါရိုက်တာကိုပေါက် ကတော့ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာအောင် တစ်ထောင့်တစ်နေရာကနေ ကြိုးစားနေပြီး အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်က ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ကာ ယခုဆိုရင် အောင်မြင်မှုတွေကို ရရှိထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက် ဟာ သရုပ်ဆောင်ဒါရိုက်တာအပြင် ဇာတ်ညွန်း၊ ကဗျာ နဲ့ ဝထ္ထုဇာတ်လမ်းလေးတွေရေးတဲ့သူဖြစ်တာကြောင့် စွယ်စုံရအနုပညာလို့လည်း ခေါ်ထိုက်ပါတယ်။

Photo Credit -Aung Min Naing fb account
Photo Credit -Aung Min Naing fb account

လက်ရှိမှာတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုကို ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ကိုပေါက်က အိမ်မှာနေရင်း ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် ဟာသ tik tok ဗီဒီယိုလေးကိုလည်း ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာတော့ ကိုပေါက် က ဆော့ထားတဲ့ နောက်ထပ် tik tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit -Aung Min Naing fb account
Photo Credit -Aroma (photography)

ဒီ ဗီယိုလေးထဲမှာတော့ ကိုပေါက် သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ကို မတူတဲ့အမူအရာလေးတွေနဲ့ ကြည့်မိသူတိုင်း ရယ်မောသွားအောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ကိုပေါက်ရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေအဖို့ တကယ့်ကို စိတ်အပန်းဖြေစရာကောင်း​တဲ့ ဟာသဗီဒီယိုလေးတွေပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်တွေလည်း ကိုပေါက် ရဲ့ ရယ်မောစရာကောင်းတဲ့ ဟာသ ဗီဒီယိုလေးကိုကြည့်ရှု့ပြီး အပြုံးလေးတွေနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေနော်....။

Video Credit -Aung Min Naing fb account

Source - Aung Min Naing fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။