Screenshoot of kuku twitter account

SEA Region က offlaner ကောင်းတစ်ဦးဖြစ်တဲ့ Kuku ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က သူ့ရဲ့ twitter အကောင့်မှာ post တစ်ခုတင်ခဲ့ပါတယ်။

kuku တင်ခဲ့တာကတော့ Looking for team po 3 can be captain/drafer ဆိုတဲ့ post ပဲ ဖြစ်ပါတယ်။

kuku အနေနဲ့ Geek Fam ကနေထွက်ခွာအပြီးမှာ Abed, 23Savage,Jabz, whitemoon တို့နဲ့အတူ Among Us ဆိုတဲ့အသင်းကို ယာယီဖွဲ့စည်းပြီး BTS Pro Series Season 3 ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသေးတယ်။

groug stage မှာတော့ အခြေအနေကောင်းခဲ့ပေမယ့်လည်း Among Us ဟာ lower bracket final မှာ Motivate.Trust Gaming ကို 2:1 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် တတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Among Us ဟာ ဖျက်သိမ်းခဲ့ပြီး kuku အနေနဲ့လည်း သူကစားဖို့အတွက် အသင်းတစ်သင်းလိုအပ်နေတာပဲ ဖြစ်ပါတယ်။

SEA region မှာဆိုရင်တော့ offlaner ကောင်းတစ်ယောက်လိုအပ်နေတဲ့ Fnatic က kuku ကိုခေါ်ယူကောင်း ခေါ်ယူနိုင်ပါတယ်။

သို့ပေမယ့်လည်း kuku အနေနဲ့ ဘယ်အသင်းကိုရောက်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - kuku twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။